“ ပြည်သူတွေက PDF တွေ ကြောင့် မီးရှိ့ခံရတယ်လို့ မမြင်ဘဲဲနဲ့၊ အိမ်တွေမီးရှို့ခံရလေ စစ်ကောင်စီကိုတိုက်ဖို့အတွက် PDF တွေကိုအားကိုးလေ " အလွတ်တန်းသတင်းထောက် ကိုမျိုးထက်လှသော်(အင်တာဗျူး)

By မောင်ခက်နွေ
01 April 2023
“ ပြည်သူတွေက PDF တွေ ကြောင့် မီးရှိ့ခံရတယ်လို့ မမြင်ဘဲဲနဲ့၊ အိမ်တွေမီးရှို့ခံရလေ စစ်ကောင်စီကိုတိုက်ဖို့အတွက် PDF တွေကိုအားကိုးလေ " အလွတ်တန်းသတင်းထောက် ကိုမျိုးထက်လှသော်(အင်တာဗျူး)

လက်ရှိမြေပြင်အခြေအနေမှာ စစ်ကောင်စီဟာ အညာဒေသက ရွာတွေကို စစ်ကြောင်းတွေထိုးပြီး အိမ်တွေ စပါးကျီတွေ မီးရှို့ပေမယ့် ပြည်သူလူထုရဲ့ ရင်ထဲမှာတော့ PDF ကြောင့် မီးရှို့ခံရတယ်လို့ အမြင်မျိုးမရှိဘဲ အိမ်တွေမီးရှို့ခံရလေ စစ်ကောင်စီကိုတိုက်ဖို့အတွက် PDF တွေကိုအားကိုးလာကြတယ်လို့ မြေပြင်ထိ သတင်းရယူခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုမျိုးထက်လှသော် မဇ္ဈိမကို ပြောပါတယ်။

ကိုမျိုးထက်လှသော်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲနယ်မြေတွေဖြစ်တဲ့ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၃)၊ တပ်မဟာ (၆)၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ် စတဲ့ စစ်မြေပြင်ဒေသတွေမှာ မြေပြင် သတင်းရယူနေတဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးပါ။

ဒီအပတ် Weekly interview အစီအစဉ်မှာတော့ ကိုမျိုးထက်လှသော်ရဲ့ မြေပြင်မှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေ၊ နွေဦးတော်လှန်ရေးပေါ် ရပ်တည်ချက်တွေနဲ့ ပတ်သတ်ပြီး မဇ္ဈိမရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ မောင်ခက်နွေက ဆက်သွယ်မေးမြန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags