အစိုးရ အဖွဲ့ဝင်များအား ကုလသမဂ္ဂ၏ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တာလီဘန် တောင်းဆို 

By TOLOnews
31 March 2023
အစိုးရ အဖွဲ့ဝင်များအား ကုလသမဂ္ဂ၏ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တာလီဘန် တောင်းဆို 

တာလီဘန်အစိုးရက ၎င်းတို့၏ အဖွဲ့ဝင်များကို  အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန် ကုလသမဂ္ဂအား တိုက်တွန်းခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းသည် ဖိအားများပေးနေမည့်အစား အာဖဂန်နစ္စတန်၏ ယာယီအစိုးရနှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ပြောကြားသည်။ 

တာလီဘန်အစိုးရ အဖွဲ့ဝင် ၂၀ ဦးမှ ၂၅ ဦး နီးပါးသည် အမည်ပျက်စာရင်းတွင် ပါဝင်နေကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဖာဘီရူလာ မူဂျာဟစ်က ပြောကြားသည်။

“နာမည်ပျက်စာရင်းမှာ ပါဝင်ပြီး ဒဏ်ခတ်အရေးယူခံထားရသူ ၂၀ ကနေ ၂၅ ဦးကြားမှာ ရှိပါတယ်။ တချို့က သေသွားပြီ။ အသက်ရှင်နေသေးတဲ့သူတွေ အနည်းစုက အခု အစိုးရအဖွဲ့မှာ အလုပ်လုပ်နေတယ်” ဟု ၎င်းက ပြောသည်။
ကုလသမဂ္ဂ၏ အမည်ပျက်စာရင်းတွင် တာလီဘန်အစိုးရ အရာရှိများကို ထည့်သွင်းထားခြင်းသည် ဒိုဟာသဘောတူညီချက်နှင့် ဆန့်ကျင်ကြောင်း မူဂျာဟစ်က ပြောကြားသည်။

“ဖိအားပေး ဆက်ဆံမှုက ဘာရလဒ်မှ ရလာမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ကြိမ်ဖန်များစွာ ပြောခဲ့ပါတယ်။ အာဖဂန်နစ္စတန်ဟာ ဖိအားပေးလို့ လက်နက်ချမှာ မဟုတ်ကြောင်း လွန်ခဲ့တဲ့ အနှစ် ၂၀ စစ်ပွဲအတွင်းမှာ သက်သေပြခဲ့တယ်။ ထိတွေ့ဆက်ဆံမှု၊ နားလည်မှုနဲ့ ညှိနှိုင်းမှုတွေကသာ ပိုကောင်းမွန်တဲ့ အရာတွေပါ” ဟု မူဂျာဟစ်က ပြောကြားသည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုချက်များကို လျစ်လျူရှုခြင်းကြောင့် ကုလသမဂ္ဂ၏ အမည်ပျက်စာရင်းတွင် တာလီဘန်အဖွဲ့ဝင်များ ဆက်ရှိနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။ 

အာဖဂန်၏ ထိပ်ပိုင်းခေါင်းဆောင်အဖွဲ့၌ တာလီဘန် မဟုတ်သော အစိုးရအဖွဲ့ကိုယ်စားလှယ်များ ပါဝင်ရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေး၊ ပညာရေးနှင့် အလုပ်အကိုင် လွတ်လပ်ခွင့်များ ရရှိစေရေးအတွက် ပိတ်ဆို့အရေးယူရများလုပ်ရခြင်းဖြစ်ကြောင်း  နိုင်ငံရေးလေ့လာသုံးသပ်သူ တိုရက်ဖာဟာဒီက ပြောသည်။ 

“တာလီဘန်အစိုးရအနေနဲ့ နိုင်ငံတကာဥပဒေတွေကို မလိုက်နာသရွေ့ ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံရေးဖိအားပေးမှုလို့ ကျွန်တော်ထင်ပါတယ်။” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဆာလင်းကာကာက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly