ရန်ကုန်တိုင်းဒေသကြီးတွင် ပြန်လည်စိစစ်သုံးသပ်သင့်သော လုပ်ငန်း ၃ခုကို လွှတ်တော်တွင်တင်ပြ

ရန်ကုန်တိုင်းဒေသကြီးတွင် ပြန်လည်စိစစ်သုံးသပ်သင့်သော လုပ်ငန်း ၃ခုကို လွှတ်တော်တွင်တင်ပြ

ရန်ကုန်၊ မတ် ၂၂ ။            ။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတောင်းခံထားသည့်  လုပ်ငန်း(၃)ခုကို ပြန်လည် စိစစ်သုံးသပ်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီ ကတင်ပြခဲ့သည်။

မတ် ၂၂ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းဝေး စတုတ္ထ နေ့တွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ပတ်သက်၍ ကော်မတီ၏ အစီရင်ခံစာ လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ငန်း (၃)ခုမှာ စမ်းချောင်းမြို့နယ်အတွင်းရှိ ဗားကရာလမ်းအား ပြည်လမ်းမှ ဗဟိုလမ်းအထိ ကတ္တရာ ခင်းရန်၊ လှိုင်မြို့နယ်အတွင်းရှိ ပိတောက်ချောင်း ရေထိမ်းတံခါး တည်ဆောက်ရန်နှင့် ထန်းတပင်မြို့နယ် အ တွင်းရှိ သီတာအေး - ထန်းတပင်လမ်း လမ်းပေါက်များ ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် ရန် ပုံငွေ တောင်းခံထားခြင်း ဖြစ်သည်။

အဆိုပါ ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာကို ကော်မတီ ဥက္ကဋ္ဌ ဆိတ်ကြီးခနောင်တို မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဖတ်ကြား တင်ပြခဲ့ခြင်း ဖြစ်သည်။

" ပြီးခဲ့တဲ့အစိုးရကတော့ နောက်လာမယ့်အစိုးရ အစဉ်သင့် သုံးလို့ရအောင်လို့ အသေအခြာစီမံပေးခဲ့တဲ့ အတိုင်းအတာပါပဲ။ အဲဒီအတွက်တော့ ကျွန်တော်တို့က ဘာမှမပြောလိုပါဘူး။ အားနည်းချက်ကတော့ နေရာ တိုင်းမှာ အားနည်းချက်အားသာချက်ဆိုတာရှိမှာပဲပေါ့နော်။ ဒါပေမယ့် အားလုံးကတော့ စေတနာထားပြီး လုပ် ခဲ့တာချည်းပါပဲ"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ယခင် တိုင်းဒေသကြီး နယ်လုံဝန်ကြီးဟောင်း (ဗိုလ်မှူးကြီး) ဦးတင်ဝင်းက ပြောသည်။

အဆိုပါ လုပ်ငန်းများကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် လုပ်ဆောင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေ တောင်းခံထားခြင်းဖြစ်ပြီး ဗားကရာလမ်းအား ပြည်လမ်းမှ ဗဟိုလမ်းအထိ ကတ္တရာ ခင်းရန် ၂၅၅၀ပေ × အ ကျယ် ၆၆ပေ × ထု ၂လက်မအတွက် ကျပ်၂၁၀. ၃၇၅ သန်းတောင်းခံထားခြင်းဖြစ်ပြီး မူလလမ်းအား ပြန် လည်ပြုပြင်ရန် မလိုအပ်သေးကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

လှိုင်မြို့နယ်အတွင်းရှိ ပိတောက်ချောင်း ရေထိမ်းတံခါး ၆ပေ × ၈ပေ (၇)ပေါက်အတွက် ကျပ် ၁၅၀၀. ၀၀ သန်း တောင်းခံထားပြီး ကုန်ကျစာရိတ်များပြားနေသည့်အတွက် မည်သည့်နေရာ မည်သည့် လုပ် ငန်း  များတွင် အသုံးပြုမည်ကို ပြန်လည် တင်ပြရန်နှင့် သီတာအေး - ထန်းတပင်လမ်း စုစုပေါင်း (၁)မိုင် လမ်း ပေါက်များ အတွင်း (၃)လက်မ အောက်ကျောက်ဖြင့် ဖြန့်ခင်းကျိတ်ခြင်း၊ ကတ္တရာ ရေပိတ်လွှာ လောင်းခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် ကျပ် ၃၀၄.၅၃၆ သန်း တောင်းခံထားသဖြင့် အမှန်တကယ် ကုန်ကျမှုရှိမရှိ ပြန် လည် စိစစ်သင့်ကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့သည်။

" တဖြေးဖြေးအကောင်းဘက်ကို ဦးတည်လာတာပေါ့နော်။ဒီလိုမျိုးဆွေးနွေးနိုင်မှလည်း ဘယ်နေရာတွေမှာ တော့ စာရိတ်တွေ များနေတယ်။ ဘယ်နေရာတွေမှာတော့ လိုနေတယ်။ များတဲ့ဘက်ကဟာကို လျှော၊့ လျှော့ ပြီးတော့ လိုတဲ့ ဘက်မှာ ပြန်ဖြည့်။ အဲလိုလုပ်သွားရင် ပြည်သူတွေအတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ မျှော် လင့်တယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်းဥပဒေကြမ်းကို ဒုတိယအကြိမ်တိုင်း ဒေ သကြီး လွှတ်တော် ပထမပုံမှန်အစည်းဝေး ပဉ္စမနေ့ မတ်လ ၂၄ရက်နေ့  ကြာသားပတေးနေ့တွင် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly