ရန်ကုန် သွေးအေးသွားပြီလား (ဆောင်းပါး)

ရန်ကုန် သွေးအေးသွားပြီလား (ဆောင်းပါး)

နွေဦးတော်လှန်ရေး နှစ်နှစ်ကျော်လာတဲ့အချိန်မှာ ရန်ကုန်မြို့က ပြည်သူတွေအနေနဲ့ သွားလာလှုပ်ရှားမှု ပုံမှန်ဖြစ်နေပြီး စစ်ကောင်စီကို တော်လှန်ဖို့ သွေးအေးသွားပြီလားဆိုတဲ့ မေးခွန်းထုတ်သူတွေ ရှိနေပါတယ်။

ရန်ကုန်က မြေပြင်သပိတ်အဖွဲ့အစည်းတွေကတော့ တော်လှန်ရေး အင်အားစုတွေ ကိုယ်စား နွေဦး တော်လှန်ရေးနဲ့ ပတ်သက်လို့ ပြည်သူတွေ အဆုံးအထိ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ရန်ကုန်မြို့က ပြည်သူတွေ နွေဦးတော်လှန်ရေးမှာ သွေးအေးသွားပြီလား ဆိုတဲ့ မေးခွန်းရှိရင် ဘယ်သူမှ သွေးမအေးသေးဘူးလို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးစတင်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ လဆန်းကနေစပြီး ရန်ကုန်ပြည်သူတွေဟာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုတွေ အုံနဲ့ကျင်းနဲ့ပြုလုပ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်းတာတွေ၊ ပြည်သူကို အကြောက်တရား ထည့်သွင်းပြီး ဖမ်းဆီးတာတွေ လုပ်လာတဲ့အတွက် လမ်းပေါ်က ပြည်သူလူထုရဲ့ သပိတ်တွေ ရပ်ဆိုင်းခဲ့ရပါတယ်။

ရန်ကုန်ပြည်သူတွေအနေနဲ့ အုံနဲ့ကျင်းနဲ့ ဆန္ဒထုတ်ဖော်တာတွေ မလုပ်တော့ပေမယ့် မြေပြင်သပိတ် အဖွဲ့ တချို့ကတော့ စစ်ကောင်စီ တပ်တွေ လှည့်လည်ဖမ်းဆီးခံရနိုင်တယ် ဆိုတာ သိသိကြီးနဲ့ ကြိုကြား ကြိုကြား ဆန္ဒထုတ်ဖော် နေကြတာ တွေ့နေရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly