ဘရက်ဆဲလ်လေဆိပ်တွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်

ဘရက်ဆဲလ်လေဆိပ်တွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်

ဘရက်ဆဲလ်၊ မတ်၊ ၂၂ ။          ။ ဘယ်လ်ဂျီယံနိုင်ငံ၏ မြို့တော် ဘရက်ဆဲလ်ရှိ ဇာဗင်တမ် နိုင်ငံတကာလေဆိပ်တွင် ပေါက်ကွဲမှုနှစ်ခု ယနေ့ ဖြစ်ပွားသွားခဲ့သည်။

လေဆိပ်အဆောက်အဦတစ်ခုအတွင်းမှ မီးခိုးလုံးများထွက်ပေါ်နေသည်ကို လူမှုကွန်ယက်မီဒီယာများထက်တွင် ပျံ့နှံ့နေသောဓါတ်ပုံများထဲတွင်တွေ့ရပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးချေ။

ပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရသူများရှိသည်ဟု သတင်းပေးပို့ချက်များရှိနေသော်လည်း လက်တလောတွင် အတည်မပြုနိုင်သေးချေ။

နိုဝင်ဘာလအတွင်းက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အဓိကသံသယရှိသူ ဆာလာအက်ဘ်ဒီဆလမ်းကို ဘရက်ဆဲလ်မြို့တွင် ဖမ်းဆီးရမိခဲ့ပြီး ၄ ရက်အကြာတွင် ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခြင်း လည်း ဖြစ်သည်။

လက်ရှိအချိန်တွင် လေဆိပ်အတွင်းမှလူများကို အရေးပေါ်ရွှေ့ပြောင်းပေးလျှက်ရှိပြီး လေကြောင်းခရီးစဉ်များအားလုံးနှင့် လေဆိပ်သို့ပို့ဆောင်ပေးသည့် ရထားလိုင်းတို့ကို ရပ်နားထားကြောင်း ဘယ်လ်ဂျီယံမီဒီယာများတွင် ဖော်ပြနေမှုများအရ သိရှိရသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် လေဆိပ်အတွင်းရှိနေသူများ၏ လူမှုကွန်ယက်မီဒီယာများထက်တွင် ဖော်ပြထားချက်များအရ လူအများသည် လေဆိပ်ထဲမှထွက်ခွာလာချိန်တွင် အလွန်ထိတ်လန့်တုန်လှုပ်နေကြသည်ကိုတွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly