နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၉ မတ် ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၉ မတ် ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· တရားမဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားမဝင်ဥပဒေတွေကို ကိုးကားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီတချို့ကို နိုင်ငံရေး ပါတီ အဖြစ်မှတ်ပုံတင်ထားတာကနေ ဖျက်သိမ်းလိုက်ခြင်းသည်တရားမဝင်သော လုပ်ရပ်ဖြစ် ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ထုတ်ပြန်သည်။

· ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၂၇ ရက်နေ့က မကွေးတိုင်းတနေရာမှာ ကျင်းပပြုလုပ်ခဲ့သည်။

· ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသည့် မြန်မာလွှတ်တော်အမတ်များသည် စွန့်စားမှုကြီးမား သော အခြေအနေ အတွင်း ကျရောက်နေဆဲကြောင်းထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် မြို့များတွင် နေထိုင် နေကြသည့် ဒါဇင်နှင့်ချီ မြန်မာလွှတ်တော်အမတ်များသည် တရားဝင်အထောက်အထားမရှိသော အလုပ်သ မားများလို ရဲများ၏ ထိပါးနှောက်ယှက်မှု အမြဲခံနေရကြောင်း APHR ပူးတွဲဥက္ကဌ ချားလ်စန် တီယေဂို က ပြောသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း တိုင်း ၊ မကွေးတိုင်းမှာရှိသည့် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေးကို မတ် ၂၈ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

· ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ အလံသည် ဖက်ဆစ်တော်လှန်ရေးတုန်းက သုံးစွဲခဲ့သော အလံဖြစ် ကြောင်း အကြမ်းဖက်စစ်တပ်သည် လူမျိုးကြီးဝါဒ၊ ကြီးနိုင်ငယ်ညှင်းဝါဒ၊ လက်နက်အားကိုးဝါဒများဖြင့် ဖက်ဆစ်စစ်တပ်ဖြစ်နေသည့်အတွက် ကြောင့် ယခုတော်လှန်ရေးသည်ဒုတိယအကြိမ် ဖက်ဆစ်ကို တော်လှန် သည့် တော်လှန်ရေးဖြစ်ခြင်းကြောင့် ယင်းအလံကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန် ကြီးဌာန အတွင်းဝန် နိုင်ထူးအောင်ကပြောသည်။

· တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများဆီကသိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်ကောင်စီအား နိုင်ငံခြားငွေအများဆုံး ပေးဆောင်နေသည့် PTTEP အား အမေရိကန်အစိုးရမှ ဒဏ်ခတ် အရေး ယူ ပိတ်ဆို့သွားရန် ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေး တက်ကြွလှုပ်ရှားသူများထံမှ သိရသည်။

· ရန်ကုန်မြို့တွင် ပြည်သူများကိုဖိနှိပ်ကာ နည်းမျိုးစုံဖြင့်ငွေတောင်းခံနေသည့် ယာဉ်ထိန်းရဲများ အား မတ်လ ၂၈ ရက်နေ့က မြို့နယ်နှစ်ခုတွင် ပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း Special Task Agency Of Burma (STA) အဖွဲ့က ထုတ်ပြန်ထားသည်။

· တနင်္သာရီတိုင်း မြိတ်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် အမျိုးသား နှစ်ဦး ဆိုင်ကယ် စီးနင်းသွားလာသူများကို အရပ်ဝတ်နှင့် လူများက ကားနှင့် တိုက်၍ လိုက်လံဖမ်းဆီးမှုများသည် ယခု ရက်ပိုင်းအတွင်း ပြန်လည်ဖြစ် ပွားလျက်ရှိနေကြောင်း ဒေသခံများနှင့် ဆိုင်ကယ် ကယ်ရီမောင်းသူများထံမှ သိရ သည်။

· တနင်္သာရီတိုင်း၊ထား၀ယ်ခရိုင်၊ရေဖြူမြို့နယ်၊ကလိန်အောင်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားငါးဦးဒဏ်ရာရရှိပြီး ယင်းထက်လည်း များနိုင်ကြောင်း Spring Dhmma PDF KLA- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

· စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ မှ မတ်လ ၂၇ ရက်နေ့ညပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG PDF တပ်ဖွဲ့ထံမှ သိရသည်။

· ရွှေဘိုမြို့၊ အများပြည်သူနေရာ ၂ ခု နှင့် ခရီးသည်တင်ကားတစ်စီးကို စစ်တပ် နှင့် ပျူစောထီးများ က ဗုံးခွဲမှု PDF အပေါ် အပြစ်ပုံချရန်နှင့် ပြည်သူက တော်လှန်ရေးအပေါ် အထင်အမြင် လွဲစေရန်လုပ်ဆောင်ချက်အဖြစ် တော်လှန်ရေးအဖွဲ့က တရားဝင် ရှုတ်ချလိုက်သည်။

· စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာ ၂ ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြင်းမူ လင်းယုန်နက် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုးဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဓားမဆိုင်းတပ်မတော်မှ ဗိုလ်ထွဋ်ခေါင် ကပြောသည်။

· အရာတော်မြို့နယ်တွင် အောင်စည်တော် သပိတ်စစ်ကြောင်းနှင့် ထပ်ဆင့်တင် ကျတ်ခြံ ပြည်သူ့စာသင် ကျောင်းတို့ ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တစ်ဝိုက်ကို စစ်ကြောင်းသုံးကြောင်း ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံနေအိမ်များအား မွှေနှောက်ကာ နေအိမ် တစ်လုံးကို မီးရှို့သွား ကြောင်း ဒေသခံများထံက သိရသည်။

· မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ၊ မန္တလေး-မိုးကုတ်လမ်းတွင် စစ်ကား ၅ စီးကို မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း တော ကြီး မြွေပွေး တပ်ဖွဲ့ခေါင်းဆောင် ကပြောသည်။

· တောင်ငူလေတပ်‌စခန်းကို ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်မှု စစ်ကောင်စီဘက်မှ ၃ ဦး သေ ဆုံးပြီး ရဟတ်ယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· စစ်ကောင်စီအာဏာသိမ်းကာလ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများရှိ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှု အကြိမ်ရေသည် ၈၉၉ ကြိမ်အထိရှိနေပြီဖြစ်ကြောင်း KNU မှ ထုတ်ပြန် သော အစီရင်ခံစာအရသိရသည်။

· ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၅)၊ ခမရ(၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်း တံတား နှင့် ငါးတိုင် အလယ်တန်းစာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်၊ ကရင်နယ်ခြား စောင့်တပ်(BGF)နှင့် ရဲများကို မတ်လ၂၅ရက်နေ့ နံနက် ၇နာရီမိနစ် ၃၀တွင် ကရင်လက်နက်ကိုင်ပူးပေါင်း တပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်း (KTLA)မှ မတ်လ၂၈ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

· စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်မှတ်ပုံမတင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို ဖျက်သိမ်း လိုက်ကြောင်း မတ်လ ၂၈ ရက်ညမှာ ထုတ်ပြန်ကြေညာသည်။

· ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဒေသခံ ၅၀ ကျော်ကို အကြောင်း မဲ့ဖမ်းဆီးကာ နှိပ်စက်ညှဥ်းဆဲမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

· စက်မှုဇုန်မဟုတ်သည့် ရပ်ကွက်များအတွင်းကအလှည့်ကျ မီးပေးစနစ်အတွင်း ဓာတ်အားသုံးစွဲနေသော လုပ်ငန်းများကို တစ်လခန့် ညနေပိုင်း ဓာတ်အားမသုံးရန် ကန့်သတ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းYESCက အသိပေးလိုက်သည်။

· NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီတို့ ၂ရက်ကြာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

· ဆေးဝါးတွေသက်တမ်းလွန်ခြင်းနှင့် လေလွင့်မှု မရှိစေရန်အတွက် စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်ရန်လို အပ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းက ပြောသည်။

မတ် ၂၉ ရက် သုံးသပ်ချက်

· စစ်ကောင်စီမှ နိုင်ငံအာဏာကို တရားမဝင်လုယူထားပြီးနောက် နိုင်ငံရေးပါတီများကို ဖျက်သိမ်းကြောင်း ကြေညာခြင်းသည် တရားမဝင်သည့် လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာကလည်း လက်ခံခြင်းမရှိသည် ကိုတွေ့ရ သည်။

· စစ်ကိုင်းနှင့်မကွေးတွင်လည်း တော်လှန်ရေးအားကောင်းနေဆဲဖြစ်ပြီး လက်နက်ခဲယမ်းများလည်း တဖြေးဖြေးချင်း ဖြည့်ဆည်းနိုင်သည့် အနေအထားကိုရောက်လာနေသည်။ လက်နက်ခဲယမ်းပြည့်စုံ သည့်တနေ့တွင် အညာဒေသသည် လွတ်မြောက်ရာ ဒေသတစ်ခုဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly