ဖီဖာက ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပခွင့်ကနေ အင်ဒိုနီးရှားကို ဖယ်ရှား

ဖီဖာက ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပခွင့်ကနေ အင်ဒိုနီးရှားကို ဖယ်ရှား
Photo: EPA

ပြိုင်ပွဲဝင်အသင်းတစ်သင်းအဖြစ် အစ္စရေးပါဝင်လာမှုနဲ့ ပတ်သက်လို့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဒီနှစ်ရဲ့ အသက် ၂၀ အောက် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ်ကျင်းပခွင့်ကနေ အင်ဒိုနီးရှားကို ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ ဖီဖာက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

“လက်ရှိအချိန်မှာ ပြိုင်ပွဲကျင်းပမယ့်ရက်ကို မပြောင်းလဲဘဲနဲ့ အိမ်ရှင်အသစ်ကို တတ်နိုင်သမျှ မြန်မြန်ကြေညာပေးမှာပါ”လို့ ဖီဖာက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ပြိုင်ပွဲဝင် ၂၄ သင်း မှာ အစ္စရေးရဲ့ ပါဝင်ပတ်သက်မှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် ဖီဖာကနေ မေလ ၂၀ ရက်မှ ဇွန်လ ၁၁ ရက်နေ့အထိ ကျင်းပမယ့် ပြိုင်ပွဲအတွက် သောကြာနေ့ရဲ့ မဲနှိုက်ခြင်းကို ဖျက်သိမ်းခဲ့ပါတယ်။

အသေးစိတ်အချက်အလက်တွေကို မဖော်ပြဘဲ "လက်ရှိအခြေအနေတွေကြောင့်" ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာ မဟုတ်ဘူးလို့ ဖီဖာက သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အင်ဒိုနီးရှားနဲ့ အစ္စရေးတို့ဟာ တရားဝင် သံတမန်ဆက်ဆံရေး မရှိတဲ့အပြင် ကမ္ဘာ့လူဦးရေ အများဆုံး မွတ်ဆလင် အများစုနေထိုင်တဲ့ နိုင်ငံမှာ ပါလက်စတိုင်းအရေးအတွက် ထောက်ခံမှု မြင့်မားလာကာ အစ္စရေးအသင်းကို လက်ခံကစားလာဖို့ ဒေသတွင်း အတိုက်အခံတွေကို မီးမြှင့်ပေးလိုက်ပါတယ်။

ပါလက်စတိုင်းတို့အပေါ် ထားရှိတဲ့ သူ့ရဲ့မူဝါဒတွေကြောင့် အစ္စရေးကို ဖလားပြိုင်ပွဲက ထုတ်ပစ်ဖို့ ဘာလီရဲ့ မြို့တော်ဝန်က တောင်းဆိုခဲ့တာဟာ မဲခွဲမှု ဖျက်သိမ်းခြင်းရဲ့ နောက်ကွယ်က ဖြစ်နိုင်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

ရှေးရိုးစွဲ မူဆလင် ဆန္ဒပြသူ တစ်ရာဝန်းကျင်ခန့်ဟာ ဒီလအတွင်း မြို့တော် ဂျကာတာမှာ အစ္စရေးရဲ့ ပါဝင်ပတ်သက်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly