တရုတ်နိုင်ငံပိုင်ကုမ္ပဏီက ဘန်ဒါမလေးရှားစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၂ ဘီလျံရင်းနှီးမြုပ်နှံမည်

တရုတ်နိုင်ငံပိုင်ကုမ္ပဏီက ဘန်ဒါမလေးရှားစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၂ ဘီလျံရင်းနှီးမြုပ်နှံမည်

ပေကျင်း၊ မတ် ၂၂ ။               ။ အရှုပ်တော်ပုံဖိစီးနေသော မလေးရှားအစိုးရ၏ မဟာဗျူဟာမြောက်ဖွဲ့ဖြိုးရေးကုမ္ပဏီ(1MDB)က ပိုင်ဆိုင်သော စီမံကိန်းတစ်ခုဖြစ်သည့် Bandar Malaysia ရှိ ဒေသဆိုင်ရာစင်တာတစ်ခုကို ဖွံ့ဖြိုးရေးအတွက် တရုတ်၏ အကြီးဆုံးနိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်သော China Railway Group Limited (CREC) က အမေရိကန်ဒေါ်လာ ၂ ဘီလျံ(စင်ကာပူဒေါ်လာ ၂ဒသမ၇၂ဘီလျံ) ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။

နိုင်ငံစုံကုမ္ပဏီများအတွက် ဗဟိုဋ္ဌာနတစ်ခုအဖြစ် ဘန်ဒါမလေးရှားတွင် ပေါင်းစည်းရုံးအဆောက်အဦတစ်ခု တည်ဆောက်မည့် စီမံကိန်းများကို CREC ဥက္ကဋ္ဌ ကျန်ကျုံးယန်က မတ် ၂၁ တွင် ကြေညာခဲ့သည်။ သို့သော်လည်း CREC က ၎င်း၏ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ နောက်ထပ်အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမပြုခဲ့ပေ။ သို့သော်လည်း စီမံကိန်းမှာ တိုးတက်မှုရှိနေသည်ဟု ယူဆကြောင်း CREC မန်းနေဂျင်းဒါရိုက်တာပြောသည်။ ဘန်ဒါမလေးရှားကို မြို့၏ ရွှေတြိဂံ၏ အနောက်တောင်ဘက် ၃ ကီလိုမီတာအကွာရှိ ဆန်ဂေဘေဆီစစ်လေယာဉ်ကွင်းဟောင်းနေရာတွင် တည်ဆောက်မည်ဖြစ်သည်။

သဘောတူညီချက်ကို ပထမဆုံးလက်မှတ်ရေးပြီးနောက် သုံးလအကြာ လျင်မြန်စွာဆောင်ရွက်နေမှုအပေါ် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က တရုတ်ကုမ္ပဏီကို ချီးကျူးခဲ့သည်။

ကမ္ဘာတစ်ဝန်းမှ နိုင်ငံစုံကုမ္ပဏီများအတွက် ဘန်ဒါမလေးရှားက အာဆီယံစင်တာဖြစ်လာရန် မျှော်မှန်းထားကြောင်းလည်း မစ္စတာနာဂျစ်က ပြောသည်။ ယခုစီမံကိန်းက မလေးရှားကို ဆက်လက်ယုံကြည်မှုရှိနေသည့် ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီများ၏ ပွင့်လင်းသည့်ထောက်ခံမှုနှင့် အခြေခံကောင်းသည့် မလေးရှားစီးပွားရေးအပေါ် ယုံကြည်မှု၏ သက်သေခံဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ဘန်ဒါမလေးရှားသည် စင်ကာပူနှင့် မြန်နှုန်းမြင့်ရထား(HSR)ဖြင့် သွားရောက်နိုင်သဖြင့် ကမ္ဘာသို့ ဆက်သွယ်ရာ မလေးရှား၏ ဝင်ပေါက်ထွက်ပေါက်လည်းဖြစ်သည်။ ထို့အပြင် ယင်းရထားလမ်းက ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်နှင့် စင်ကာပူချန်ဂီလေဆိပ်တို့ကို တိုက်ရိုက်ဆက်သွယ်မည်ဖြစ်သည်။ မြန်နှုန်းမြင့် ရထားလမ်းကို တရုတ်ကုမ္ပဏီက စိတ်ဝင်စားပြီး စင်ကာပူနှင့် မလေးရှားအစိုးရတို့၏ တင်ဒါခေါ်ယူမှုကို စောင့်ဆိုင်းနေသည်ဟု မစ္စတာချိုင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly