ချက်အကောင်းဆုံးကစားသမားဆုကို ပီတာချက် ရှစ်ကြိမ်မြောက် ရရှိ

ချက်အကောင်းဆုံးကစားသမားဆုကို ပီတာချက် ရှစ်ကြိမ်မြောက် ရရှိ

မတ် ၂၂၊ လန်ဒန် ။            ။ ၂၀၁၅ ခုနှစ် ချက်အကောင်းဆုံးဘောလုံးသမားဆုကို အာဆင်နယ်ဂိုးသမား ပီတာချက်က အဋ္ဌမအကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့သည်။

ချက်ဘောလုံးအဖွဲ့ချုပ်မှ ဝန်ထမ်းများ၊ ကစားသမားများ၊ နည်းပြများနှင့် အားကစားကလောင်ရှင်များက မဲပေးရွေးချယ်ခဲ့ရာတွင် အသက် ၃၃ နှစ်အရွယ်ရှိ ပီတာချက်က ရရှိခဲ့ခြင်း ဖြစ်သည်။

ပီတာချက်သည် ပြီးခဲ့သည့် ၁၁ နှစ်အတွင်း ချက်အကောင်းဆုံးဘောလုံးသမားဆုကို ရှစ်ကြိမ်မြောက်ရရှိခြင်းလည်းဖြစ်သည်။ ပီတာချက်သည် အာဆင်နယ်အသင်းတွင် လက်စွမ်းပြ ကာကွယ်နိုင်ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းတွင် ၁၁ နှစ်ကြာ အောင်မြင်စွာ ကစားခဲ့ပြီးနောက် ပီတာချက်သည် ယခုနှစ်ရာသီအစက လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ အာဆင်နယ်တွင် လိဂ်ပွဲ ၂၈ ပွဲ ပါဝင်ကစားထားရာတွင် ၁၂ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် မန်စီးတီးဂိုးသမား ဂျိုးဟတ်နှင့်အပြိုင် ရွှေလက်အိတ်ဆု ရရှိရန် ရေပန်းစားလျက်ရှိသည်။

ထို့အပြင် ပီတာချက်သည် ချက်အသင်း ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်မြင်ခဲ့ရာတွင်လည်း အဓိကနေရာမှ ကူညီပေးခဲ့သည်။ လက်ရှိအချိန်တွင်တော့ ပီတာချက်သည် ခြေထောက်ဒဏ်ရာရရှိနေသည့်အတွက် အာဆင်နယ်အသင်းတွင် ပါဝင်နိုင်ခြင်း မရှိသေးသလို စကော့တလန်၊ ဆွီဒင်တို့နှင့် ကစားမည့် ချက်အသင်း၏ ခြေစမ်းပွဲစဉ်များကိုလည်း လွဲချော်မည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly