တောင်ကိုရီးယားတွင် ပထမဆုံး ဇီကာပိုး ကူးစက်သူ တွေ့ရှိ

တောင်ကိုရီးယားတွင် ပထမဆုံး ဇီကာပိုး ကူးစက်သူ တွေ့ရှိ

ဆိုးလ်၊ မတ် ၂၂ ။        ။ ဘရာဇီးနိုင်ငံမှ မကြာသေးမီက တောင်ကိုရီးယားသို့  ပြန်လာသူတွင် ဇီကာပိုးကူးစက်ခံလာရကြောင်း ပထမဆုံး စတင်တွေ့ရှိသည်။

အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဇီကာပိုးဖြစ်ပွားသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း၊ Gwangju မြို့တွင် ၎င်းအား ကုသမှု ပေးလျက်ရှိကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောသည်။

ခြင်မှ ပေါက်ဖွားသည့် ဇီကာပိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသည်။

ဘရာဇီးနှင့် အမေရိကတို့တွင် ဇီကာပိုးက ရုတ်ခြည်းပျံ့နှံ့နေပြီး ကူးစက်သူများတွင် မွေးဖွားလာသည့် ကလေးများ၌ ချို့ယွင်းမှုများ ဖြစ်ပွားသည်။

သို့သော်လည်း ပိုးကူးစက်ခံရမှုနှင့် မွေးဖွားကလေးများ ခေါင်းသေးငယ်ကာ ဦးနှောက်ဖွံ့ဖြိုးမှုနည်းခြင်းကြား ဆက်နွယ်မှုရှိမရှိကို သက်သေမပြနိုင်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်သည်။

ယခုဇီကာပိုး ကူးစက်ခံလာရသူအား ရောဂါခြေချုပ်ဖြင့် ထားရှိထားကာ ၎င်းတောင်ကိုရီးယားနိုင်ငံသို့ ပြန်ရောက်ပြီး သွားလာမှု လမ်းကြောင်းများကိုလည်း ခြေရာခံစစ်ဆေးလျက်ရှိကြောင်း ဟွန်ဟတ်သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly