ရေး တံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်

By ဂျူချန်း (မဇ္ဈိမ)
28 March 2023
ရေး တံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က မတ်လ ၂၇ ရက် နေ့ နံနက်ပိုင်းက ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း အဖွဲ့ခေါင်းဆောင်က မဇ္ဈိမသို့ ပြောသည်။
တိုက်ခိုက်မှုကြောင့် စခန်းအတွင်းဗုံးသီးကျသဖြင့် ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်ကိုမူ မသိရသေးကြောင်း ဆိုသည်။

တိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ ကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

“လက်နက်ကြီးနဲ့တော့ပစ်တယ် ရဲဘော်တွေထိခိုက်မှုတော့မရှိဘူး။ လက်နက်ကြီးက ၁၀ ချက်လောက် တော့ရှိမယ်” ဟု ၎င်းက ဆိုသည်။

မတ်လ ၂၇ ရက်နေ့သည် တပ်မတော်နေ့ဖြစ်၍ ရေးတံတားကြီးဂိတ်တွင် အင်အား ၆၀ ကျော် ဖြည့်တင်း ထားကြောင်း သိရသည်။

ဂိတ်စခန်းအတွင်း Jammer များ တပ်ဆင်ထားသဖြင့် ရေးဘီလူးအဖွဲ့မှ ဒရုန်းဆုံးရှုံးခဲ့ရကြောင်းနှင့် မွန် ပြည်နယ်အတွင်း အဓိကကျသည့်နေရာတော်တော်များများတွင် စစ်ကောင်စီမှ Jammer များ တပ်ဆင် ထားနိုင်သောကြောင့် အခြားတော်လှန်ရေးအဖွဲ့များအနေဖြင့် ဒရုန်းစစ်ဆင်ရေးများကို သတိထားလုပ် ဆောင်ကြရန် ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ သတိပေးထားသည်။

မတ်လ ၈ ရက်နေ့ကလည်း အဆိုပါ ရေးတံတားကြီးဂိတ်အား ရေးဘီလူးအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက် ခိုက်ခဲ့သေးသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရေးဘီလူးအဖွဲ့မှ အဆိုပါ ရေးတံတားကြီးဂိတ်ကိုသွား ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အဖွဲ့ခေါင်း ဆောင်ကဆိုသည်။

ရေးတံတားကြီးဂိတ်သည် ရေးဘီလူးအဖွဲ့အပါအဝင် ရေးမြို့နယ်ရှိ အခြားတော်လှန်ရေးအဖွဲ့များ၏ တိုက် ခိုက်မှုကို မကြာခဏခံနေရသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်၍ လုံခြုံရေးတိုးမြှင့်ထားသည့်ကြားမှ ထပ်မံတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly