ဘုတလင်မြို့အနီးတွင်ကျဆုံးခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို သင်္ဂြိုဟ်ပြီးစီး

By ပါခွီး မဇ္စျိမ
27 March 2023
ဘုတလင်မြို့အနီးတွင်ကျဆုံးခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို သင်္ဂြိုဟ်ပြီးစီး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသော ရဲဘော်နှစ်ဦးကို ကောင်းမွန်စွာသင်္ဂြိုဟ်ပြီးစီးကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ် ရေးတပ်မတော် (CNO/CNDF)က ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၅ ရက်နေ့က တာဝန်ဖြင့်ခရီးသွားနေသည့် ရဲဘော်သုံးဦးအနက် ဆလိုင်းဇာနည်အောင်(၂၀နှစ်) နှင့် ဆလိုင်းဒေးဗစ်လာလ်ထန်လျန်(၂၁နှစ်)တို့ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ် သည်။

အာဇာနည်နှစ်ဦး၏ ကြွင်းကျန်သောရုပ်အလောင်းများကို ခရစ်ယာန်ထုံးတမ်းအရ ကောင်းမွန်စွာသင်္ဂြိုဟ် ပြီးစီးကြောင်းနှင့် ရဲဘော်တို့၏ပေးဆပ်မှုကို ပြည်သူများနှင့် CNO/CNDF မှ ဂုဏ်ပြုတမ်းတင် အမှတ်ရ လျက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။      ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly