ကန်ပက်လက်မြို့နယ် ရင်းကဲ - ကျင်ဒွေးလမ်း ယာယီပိတ်ကြောင်း CDF အသိပေး 

By ပါခွီး မဇ္စျိမ
26 March 2023
ကန်ပက်လက်မြို့နယ် ရင်းကဲ - ကျင်ဒွေးလမ်း ယာယီပိတ်ကြောင်း CDF အသိပေး 

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ - ကျင်ဒွေးလမ်းကို လုံခြုံရေးအခြေ အနေအရ ယာယီပိတ်ကြောင်း ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က မတ်လ ၂၆ရက် ယနေ့တွင် ထုတ်ပြန်သည်။ 

ရင်းကဲ - ကျင်ဒွေးလမ်းကို မတ်လ ၂၇ရက်နေ့မှ စ၍ မတ်လ ၃၀ရက်နေ့အထိ ယာယီပိတ်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။ 

“လုံခြုံရေးအခြေအနေအရပါ ၊ အသေးစိတ်အခြေအနေတွေကိုတော့ ပြောပြလို့မရပါဘူး” ဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းက မဇ္စျိမသို့ ပြောသည်။ 

၎င်းလမ်းပိုင်းကို ပိတ်ထားသည့်ကာလအတွင်း မည်သူတဦးတယောက်မျှ သွားလာခြင်းမပြုရန်နှင့် အရေးပေါ်သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာသို့ ခွင့်ပြု ချက်ယူရယူပြီးမှသာ သွားလာကြရန် ) CDF – Kanpetlet ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ကန်ပက်လက်မြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲများမဖြစ်သော်လည်း မတ်လ ၁၁ရက်နေ့က ကျင်ဒွေးမြို့ပေါ်တွင် အထိုင်ချ လှုပ်ရှားနေသည့် စစ်ကောင်စီ တပ်ဖွဲ့များကို CDF – Kanpetlet တပ်ဖွဲ့မှ နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly