အင်ဒိုနီးရှား စစ်သုံးလေယာဉ် ပျက်ကျ ဒါဇင်ပေါင်းများစွာသေဆုံး

အင်ဒိုနီးရှား စစ်သုံးလေယာဉ် ပျက်ကျ ဒါဇင်ပေါင်းများစွာသေဆုံး
အင်ဒိုနီးရှား စစ်ဖက်သုံး စီ-၁၃၀လေယာဉ် မီဒန်ရှိ ဟိုတယ်နှင့် လူနေရပ်ကွက် ဧရိယာအတွင်းသို့ ပျက်ကျမီးလောင်နေ သည့် မြင်ကွင်း။ ဓာတ်ပုံ - အေအက်ဖ်ပီ။

မီဒန်၊ ဇွန်-၃၀ ။        ။ နိုင်ငံတော် ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ အရာရှိတစ်ဦး၏ ပြောကြားချက်အရ အင်ဒိုနီးရှား စစ်သုံးသယ် ပို့လေယာဉ်တစ်စင်းမှာ ဇွန်၃၀ရက်နေ့တွင် ဆူမာတြားမြောက်ပိုင်း မီဒန်မြို့၏ ဟိုတယ်တစ်ခုနှင့် လူနေရပ်ရပ်ကွက်အတွင်းသို့ ပျက်ကျရာမှ အနည်းဆုံး လူ၃၀ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။ ‘ဒါက နောက်ဆုံးရသတင်းပါ။ အရေအတွက်က ဒီ့ထက်များ လာနိုင်ပါသေးတယ်’’ဟု ဘာဆာနက်စ်အေဂျင်စီမှ ဟီဆာ တာနစ်က ရိုက်တာသို့ ပြောကြားခဲ့သည်။

စီ-၁၃၀ ဟာကျူလီလေယာဉ်ပေါ်တွင် လေယာဉ်မှူးအပါအဝင် အမှုထမ်း ၁၂ယောက်လိုက်ပါသွားခဲ့ရာ ယခုအချိန်အထိ အလောင်း ၅လောင်းကို ရှာဖွေ့တွေ့ရှိပြီးဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဖျူရတ် ဘာ့စယာက ပြောကြားခဲ့သည်။

ဒေသတွင်း ရုပ်သံတွင်မူ အနီးဝန်းကျင်ရှိ အိမ်များနှင့် ဟိုတယ်ကို မီးတောက်မီးလျှံများ လောင်ကျွမ်းနေပြီး၊ မီးခိုးများ အလိပ်လိုက် တက်လာသည့်ပုံများကို တွေ့မြင်ကြရသည်ဟုဆိုသည်။ လေကြောင်းလုံခြုံရေးကွန်ရက်၏ ပြောကြားချက်အရ လွန်ခဲ့သည့် ဆယ်စုနှစ်တလျှောက်လုံးတွင် အင်ဒိုနီးရှား စစ်ဖက်နှင့် ရဲဖက်လေယာဉ်များပါဝင်သည့် လူသေသည့် လေယာဉ်ပျက်ကျမှုပေါင်း ၁၀ကြိမ်တိတိ ရှိခဲ့သည်ဟုဆိုသည်။

ဤကဲ့သို့ လေယာဉ်ပျက်ကျမှုများက အင်ဒိုနှီးရှားလေကြောင်း၏ လုံခြုံရေးစံနှင့် အရပ်ဖက်နှင့် စစ်ဖက်သုံး လေယာဉ်များ၏ အိုဟောင်းနေမှုကို မိးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ ဘာ့စယာ၏ ပြောကြားချက်အရ ဇွန်၃၀ရက်နေ့က ပျက်ကျသွားခဲ့ သည့် လေယာဉ်ကို ၁၉၆၄ခုနှစ်က တည်ဆောက်ခဲ့သည်ဟု ဆိုသည်။

AirAsia လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းမှာလည်း အင်ဒိုနီးရှား ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းစဉ် လမ်းခုတ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၈ရက်နေ့က ပျက်ကျသွားခဲ့ရာ Airbus A320ပေါ်တွင် လိုက်ပါလာသူ ၁၆၂ယောက်စလုံး သေဆုံး ခဲ့သည်။

ယခု ဟာကျူလီ သယ်ပို့လေယာဉ်မှာလည်း မီဒန် လေတပ်အခြေစိုက်စခန်းမှ ဝေးခေါင်သည့် နာတူနာကျွန်းများသို့ ပျံသန်းစဉ် ပျံတက်ပြီး မိနစ်အနည်းငယ်အကြာတွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်ဟု ဘာ့စယာက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly