တပ်မဟာ (၆)နယ်မြေတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၀ဦးသေ

By 002 (မဇ္စျိမ)
24 March 2023
တပ်မဟာ (၆)နယ်မြေတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၀ဦးသေ

ကရင်အမျိုးသားအစည်းအရုံး၏တပ် တပ်မဟာ (၆) နယ်မြေတွင် ရိက္ခာပို့ရန်နှင့် လူနာလာသယ်သည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးအပါအဝင် ဆယ်ဦးသေ ဆုံး ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ KNU တပ္မဟာ (၆) ထိန်းချုပ်နယ်မြေတွင်တပ်စွဲထားသော ကြာအင်းဆိပ််ကြီးမြို့နယ် အတွင်းရှိ ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန်နှင့်လူနာလာသယ်သည့် စစ်ကြောင်းဖြစ်သည်။
 အဆိုပါစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များ၊ အထူးစစ်ဆင်  ရေးတပ်ဖွဲ့ - S.O.F နှင့် နဂါးနီစစ်ကြောင်းပူးပေါင်းအဖွဲ့ဝင်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု S.O.F က သတင်းထုတ်ပြန် သည်။ 

မတ် ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ တစ်ကြိမ်၊ မတ်လ ၂၁ ရက်နေ့တွင်တစ်ကြိမ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ် ကောင်စီ ဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ဆယ်ဦးခန့်ကျဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု S.O.F က ဆိုသည်။

တိုက်ပွဲအတွင်းမှ M-A1 သုံးလက်၊ MA2 (စက္ကေလး) တစ်လက် စုစုပေါင်းလက်နက်လေးလက်ကို တော်လှန်ရေးပူးပေါင်း အဖွဲ့များမှ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲကာလအတွင်း စစ်တပ်မှ ဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်၊ MI-35 ရဟတ်ယာဉ်ဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အနီးရှိကျေးရွာများသို့ထိမှန်ကာ နေအိမ်နှစ်လုံးမီးလောင် ပျက်စီးခဲ့ပြီးရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း S.O.F က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ (၅၆၁)နှင့် ခမရ (၄၃၂) အင်အား ၈၀ ကျော် စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင် ရွာသစ်အနီး တပ်စွဲထားပြီးကျေးရွာများရှိ ကျွဲ/နွားများ သိမ်းဆည်းခြင်း၊ ရိက္ခာနှင့်ငွေကြေးများဝင်ရောက် သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ် နေသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly