ဖားကန့်ဒေသခံများက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် KIA၊PDF၊NUG ထောက်ခံပွဲပြုလုပ်

ဖားကန့်ဒေသခံများက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် KIA၊PDF၊NUG ထောက်ခံပွဲပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ ဒေသခံ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် KIA၊PDF၊NUG ထောက်ခံပွဲကို ယနေ့မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ 

ဆန္ဒပြပြည်သူများက " KIA၊PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ"  " NUG အစိုးရ ဒို့အစိုးရ ၊ တရားမဝင်ရွေးကောက်ပွဲလူထုအားဖြင့်တိုက်ဖြတ်ကြ"  "လူထု သစ္စာဖောက် နိုင်ငံရေးပါတီများ အလိုမရှိ"  " လူထုတိုက်ပွဲ အရှိန်မြင့်ကြ၊ ဘုံရန်သူကို ချေမှုန်းကြ"  
" ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ"  စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။ 

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း  စစ်ကောင်စီတပ်က အရပ်သားများနှင့် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးမှုအရှိန်မြှင့်နေသည့်ကြားမှ ဒေသခံပြည်သူများက ယခုကဲ့သို့ လူထုသပိတ်များ မကြာခဏပြုလုပ်‌နေကြောင်း
သိရသည်။ 

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required