စစ်ကိုင်းနဲ့ မကွေးတိုင်းက PDF စခန်း ၅ ခုထက်မနည်း ဝင်ရောက်စီးနင်းခံရ (ရုပ်/သံ) 

By KMN (မဇ္ဈိမ)
24 March 2023
စစ်ကိုင်းနဲ့ မကွေးတိုင်းက PDF စခန်း ၅ ခုထက်မနည်း ဝင်ရောက်စီးနင်းခံရ (ရုပ်/သံ) 

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လ၂၃ ရက်နေ့ကထိ သုံးလပိုင်းအတွင်း စစ်ကိုင်းနဲ့ မကွေးတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်း ငါးခုထက်မနည်းဝင်ရောက်စီးနင်းခံခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းမှာ အခြေပြုလှုပ်ရှားနေတဲ့ Myingyan Black Tiger(MBT) ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ရေစကြို စခန်းအမှတ် (၂) ကို မတ်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျပ်သိန်းတစ်ရာကျော်တန်ဖိုးရှိတဲ့ လက်နက်ပစ္စည်းတွေပါသွားတယ်လို့ MBT အဖွဲ့တာဝန်ခံက မဇ္ဈိမ ကိုပြောပါတယ်။ 

မြင်းခြံမြို့မှာ အခြေစိုက်စစ်ရေးလှုပ်ရှားနေတဲ့ ZERO ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း(၇)ရဲ့ စခန်းတစ်ခုလည်း ဖေဖော်ဝါရီလက စစ်ကောင်စီတပ်ရဲ့ စီးနင်းသိမ်းပိုက်တာခံခဲ့ရပြီး လက်နက်ထုတ်လုပ်ရေး တွင်ခုံနဲ့ဆက်စပ်ပစ္စည်းတွေ ပါသွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကနေစစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ချောင်းဆင်းရွာနဲ့ ရသစ်ကျေးရွာမှာရှိတဲ့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပြီး မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ရဲ့စခန်းနဲ့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ ရဲ့စခန်းနှစ်ခု ပါသွားတယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ 

စာတည်း - သန့်ဇော်(သန်လျင်)
ရုပ်သံတင်ဆက်၊တည်းဖြတ်- KMN 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required