စစ်ကိုင်း၊ မြင်းမူ၊ အရာတော်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးနိုင်ကြောင်း ဒေသတွင်း PDF ပြော (ရုပ်သံ) 

By KMN မဇ္ဈိမ
23 March 2023
စစ်ကိုင်း၊ မြင်းမူ၊ အရာတော်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးနိုင်ကြောင်း ဒေသတွင်း PDF ပြော (ရုပ်သံ) 

စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ မြင်းမူ၊ အရာတော်မြို့နယ်တွေမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲအကြိမ်ရေ ၁၀ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးနိုင်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း(၇) ကထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့လပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေအကြားပြန်းထန်တဲ့ တိုက်ပွဲ ကိုးပွဲဆင်နွဲခဲ့ပြီး မျက်မြင်သက်သေနဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးတာတွေ့ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက မဇ္ဈိမကို ပြောပါတယ်။ 

စစ်ကိုင်း၊ မြင်းမူ၊ အရာတော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ကို မတ်လ ၂၂ ရက်အထိ မြင်းမူမြို့နယ် GTR တပ်ဖွဲ့၊ နဂါးနီကျောက်ဆည်တပ်ဖွဲ့၊မိုးကြိုးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်မူပြုလုပ်ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

စာတည်း - သန့်ဇော်(သန်လျင်)
ရုပ်သံတင်ဆက်၊တည်းဖြတ်- KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly