တပ်တွင်းအချုပ်သားနှင့်အတူ အချုပ်စောင့်ရဲဘော်၂ ဦး လက်နက်နှင့်အတူ ထွက်ပြေး 

By သွင်ထူးဈာန် (မဇ္ဈိမ)
23 March 2023
တပ်တွင်းအချုပ်သားနှင့်အတူ အချုပ်စောင့်ရဲဘော်၂ ဦး လက်နက်နှင့်အတူ ထွက်ပြေး 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ် စိန်ကန့်လန့်ရွာ အခြေစိုက် ခလရ(၁)တပ်တွင် မတ်လ၂၃ရက်နေ့ နံနက် ၃နာရီအချိန်က အချုပ်ကျတပ်သားနှင့် အချုပ်စောင့်ရဲဘော် နှစ်ဦး လက်နက်နှင့်အတူ ထွက်ပြေးသွားကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။ 

ထွက်ပြေးသွားသူ ရဲဘော် သုံးဦးတွင် သေနတ် သုံးလက်နှင့်အတူ ကျည်အများအပြားပါဝင်သွားကြောင်းသိရသည်။ 

“မနက် ၃နာရီမှာ အချုပ်ခန်းထဲက တစ်ယောက်နဲ့အပြင်က နှစ်ယောက်ပေါင်းပြီး အချုပ်ခန်းသော့ကိုဖျက်တာ၊ သုံးယောက်လုံး လက်နက်အပြည့်အစုံနဲ့ထွက်ပြေးတာ၊ အချုပ်ခန်းထဲက မုဒိမ်းမှုနဲ့ အချုပ်ကျနေတဲ့ထွန်းနိုင်က အော်လို့ သေနတ်တွေအကုန်မပါသွားတာ”ဟု တပ်တွင်းသတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။ 

အဆိုပါထွက်ပြေးသွားသူ သုံးဦးသည် ပဲခူးရိုးမအတွင်း ထွက်ပြေးသွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ တောနင်းလိုက်ရှာနေကြောင်းသိရသည်။ ယင်း ခလရ(၁)တပ်တွင် CDMပြုလုပ်သူ လေးဦးရှိကြောင်းသိရသည်။ 

စာတည်း- သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required