သင်္ကြန်ကာလ ကျံူးဘေး အရက်ဘီယာရောင်းချခွင့်မပြု

သင်္ကြန်ကာလ ကျံူးဘေး အရက်ဘီယာရောင်းချခွင့်မပြု
ဓာတ်ပုံ-မဇ္စျိမ

မန္တလေး၊ မတ် ၂၁ ။             ။ မန္တလေးမြို့တွင် သြင်္ကန်ကာလ ကျုံးဘေးတစ်လျှောက်၌ အရက်၊ ဘီယာများရောင်းချခြင်းကို လုံးဝ ခွင့်မပြုကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးခင်မောင်တင် ကပြောသည်။

ကျုံးဘေးတစ်လျှောက်ပတ်ပတ်လည်တွင် အရက်၊ဘီယာရောင်းချခြင်းမပြုနိုင်စေရန်အတွက် အဖွဲ့လေးဖွဲ့ခွဲ၍ စောင့်ကြည့်စစ်ဆေးမှုများပြု လုပ်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ  အတွင်းရေးမှူး ဦးခင်မောင်တင်ကဆိုသည်။

အဆိုပါ စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်မည့် အဖွဲ့လေးဖွဲ့တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အခွန်ဌာန ဝန်ထမ်းများ၊သန့်ရှင်းရေးဌာနဝန်ထမ်းများ၊စီမံရေးရာဌာန ဝန်ထမ်းများနှင့် စည်ပင်ရဲတပ်ဖွဲ့ဝင်များပါဝင်ပြီး တစ်ဖွဲ့လျှင် ၁၀ ဦးပါဝင်မည်ဖြစ်သည်။

"သြင်္ကန်ကာလအတွင်းမှာ ကျုံးပတ်ပတ်လည် အရက်၊ဘီယာရောင်းချခွင့်မပြုဘူး။ရောင်းချနေတာတွေတွေ့ရင် ဖမ်းဆီးသွားမယ်။"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးခင်မောင်တင်ကပြောသည်။

ကျုံးဘေးတစ်လျှောက်ရှိ သြင်္ကန်အလှပြမဏ္ဍပ်များနှင့်ရေကစား မဏ္ဍပ်များတွင်လည်း အရက်၊ဘီယာရောင်းချခြင်းမပြုလုပ်ရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စည်ကမ်းချက်များထုတ်ပြန်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly