အမရပူရမြို့နယ်တရားရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ရဲ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရ

By 007မဇ္စျိမ
22 March 2023
အမရပူရမြို့နယ်တရားရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ရဲ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရ

မန္တလေးတိုင်း အမရပူရမြို့နယ်တရားရုံးတွင် ယနေ့မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။

“လဝကရုံးဘက်ကနေ အုန်းကနဲပေါက်ကွဲသံကြီးတစ်ချက်ထွက်လာတယ်။ ပထမတော့ လဝကရုံး အဆော်ခံရတယ် မှတ်တာ၊ ဆေးရုံကားတွေ တရားရုံးဘက်ကထွက်လာတော့မှပဲ တရားရုံးထဲ ဗုံးပေါက် တာမှန်း သိရတော့တယ်။ ရဲနှစ်ယောက်ထိတယ်လို့ ကြားတယ်ဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မတ်လ ၂၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က အဆိုပါတရားရုံးဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များလုံခြုံရေးချထားသည့်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်သားဆန်းဦးဆိုသူသေဆုံးပြီး ရဲတပ်သားလှခိုင်ဆိုသူ ဒဏ်ရာရသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းများရင်းမြစ်များက ဆိုသည်။

ဗုံးပေါက်ကွဲမှုအကြောင်းရင်းနှင့်ပတ်သက်၍ ယခုညနေပိုင်းအထိ မသိရသေးပေ။

မန္တလေးမြို့တွင် ယနေ့နံနက် ၈ နာရီခန့်ကလည်း အောင်မြေသာစံမြို့နယ်မှ ရာအိမ်မှူးနှစ်ဦး လက်ဖက် ရည်ဆိုင်အတွင်း ပစ်ခတ်ခံရပြီး၊ တစ်ဦးသေဆုံးကာ တစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍လည်း မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်ကြောင်း မသိရသေးပေ။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly