စစ်ကောင်စီက လောင်းကစားလုပ်ငန်းတွေကို ဘာလို့ ပေါ်ပေါ်တင်တင် ခွင့်ပြုထားတာလဲ (ဆောင်းပါး)

စစ်ကောင်စီက လောင်းကစားလုပ်ငန်းတွေကို ဘာလို့ ပေါ်ပေါ်တင်တင် ခွင့်ပြုထားတာလဲ (ဆောင်းပါး)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တဝှမ်းမှာ လောင်းကစားဝိုင်းတွေနဲ့ လောင်းကစားလုပ်သူတွေ များပြားလာတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ရှမ်းပြည်တခွင်မှာဆိုရင် ဘုရားပွဲဈေးတွေမှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် ထည့်သွင်းကျင်းပ နေတယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်က ဘုရားပွဲတွေမှာ ထည့်သွင်းတဲ့ လောင်းကစားဝိုင်းတွေကတော့ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီး၊ ကာစီနို၊ ၃၆ ကောင်၊ ဖဲ၊ အံစာ စတာတွေဖြစ်ပြီး ဘုရားပွဲဈေးတစ်ခုမှာ လောင်းကစားဝိုင်း ၆၀ ကျော် ထည့်သွင်းကျင်းပနေတာ ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီလဆန်းမှာတော့ တရားမဝင်အွန်လိုင်းငွေချေးလုပ်ငန်း၊ အွန်လိုင်းဂိမ်းနဲ့ လောင်းကစားလုပ်ငန်း လုပ်နေသူ ၇၀ ကျော်ကို ရန်ကုန်၊ လှိုင်သာယာမြို့နယ်ထဲက FMI အိမ်ယာနဲ့ လှိုင်သာယာမြို့နယ်ထဲက MICT အိမ်ယာတွေ ကနေ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

လောင်းကစားလုပ်သူတွေကို စစ်ကောင်စီက အခုလို ဖမ်းဆီးတာမျိုးရှိပေမယ့် လောင်းကစားဝိုင်းတွေကနေ ဆတ်ကြေးကောက်ခံပြီး ခွင့်ပြုထားတာတွေက ပိုများပါတယ်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာဆိုရင် ဘုရားပွဲမှာမဟုတ်ဘဲ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ကျပ် သိန်းရာနဲ့ချီပေးပြီး လောင်းကစားဝိုင်းတွေ အကြီးအကျယ် ထောင်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required