မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၇ သန်းကျော်ရှိလာဟု UNOCHA  ထုတ်ပြန်

မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၇ သန်းကျော်ရှိလာဟု UNOCHA  ထုတ်ပြန်

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၇သန်းကျော်( ၁၇သိန်းကျော်) ရှိသည့်အနက် တိမ်းရှောင်ရသူဦးရေ ၁ ဒသမ ၄ သန်းနီးပါးသည် စစ်ကောင်စီတပ် အာဏာသိမ်းပြီး နောက်ပိုင်းတိမ်းရှောင်ရသူများဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-မြန်မာ(UN OCHA - Myanmar) ကထုတ်ပြန်လိုက်သည်။

ပြည်တွင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေသည် တိုးလာခဲ့ကြောင်း UNOCHA မှ ဆိုထားသည်။

တိမ်းရှောင်သူ အများဆုံးမှာ နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းက ဖြစ်ပြီး အနောက်မြောက်ပိုင်းတွင် ၉၄၃၁၀၀ဦး ၊ အရှေ့တောင်ပိုင်းတွင်၄၀၉၄၀၀ဦးရှိသည်ဟုဆိုသည်။

UNOCHA ၊ UNHCR စသော ကုလ လက်အောက်ခံအဖွဲ့အစည်းများသည် တိုက်ပွဲများနှင့် မလုံခြုံမှုကြောင့်ထွက်ပြေးတိမ်းရှောင်နေရသောမြန်မာ ပြည်သူ အရေအတွက်ကို ၂၀၂၂ အောက်တိုဘလကုန်ပိုင်းအထိသာ တိုင်းနှင့်ပြည်နယ်အလိုက်ထုတ်ပြန်ပြီး ထိုနောက်ပိုင်း အသေးစိတ်မထုတ်ပြန်တော့ဘဲ စုစုပေါင်းအရေအတွက်သာထုတ်ပြန်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly