ကော့သောင်းမြို့သို့ရောက်ရှိလာသည့် မိုင်းဖုန်းဆရာတော်ကို စစ်ကောင်စီကအခမ်းအနားဖြင့်ကြိုဆို 

By ကိုရွှေမြိတ်(မဇ္ဈိမ)
21 March 2023
ကော့သောင်းမြို့သို့ရောက်ရှိလာသည့် မိုင်းဖုန်းဆရာတော်ကို စစ်ကောင်စီကအခမ်းအနားဖြင့်ကြိုဆို 

 တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်သို့ ရောက်ရှိနေသည့် မိုင်းဖုန်း ဆရာတော်အား မတ်လ ၂၀ ရက်တွင် စစ်ကောင်စီတပ်က အခမ်းအနားနှင့် ကြိုဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

မိုင်းဖုန်း ဆရာတော်သည် မတ်လ ၂၀ ရက်၊ ညနေ ၄ နာရီခွဲ အချိန်တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ တစ်ဆင့် ကော့သောင်းမြို့သို့ ကြွရောက်လာခြင်းဟု ဆိုသည်။ 

“ဆရာတော်က မနေ့က ကြွလာတာ ဖြစ်တယ်။ ကော့သောင်းမှာ ပြည်တော်အေးစေတီကို သွားရောက်ဖူးမျှော်ပြီး စစ်တပ်ပြုလုပ်တဲ့ မြို့နယ်ခန်းမမှာ ကန်တော့ခံပြုလုပ်ခဲ့တယ်”ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။ 

ကော့သောင်းမြို့ရှိ မြို့နယ်ခန်းမဖြစ်သော မဉ္ဇူသကခန်းမသို့ ကြွရောက်လာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့စည်းများမှ ကန်တော့ခဲ့ကြကြောင်း ၎င်းကဆက်လက်ဆိုသည်။ 

ထို့အပြင် ကမ်းနား တစ်ဝိုက်နှင့် မြို့တွင်းနေရာအချို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် အင်အားအများအပြား ချထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly