ဧရာဝတီတိုင်းတွင် ကြံ့ခိုင်ရေးပါတီဝင်များအား ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်

By မင်းထက်
21 March 2023
ဧရာဝတီတိုင်းတွင် ကြံ့ခိုင်ရေးပါတီဝင်များအား ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်

မဇ္စျိမ။    ။ဧရာဝတီတိုင်းတွင် ကြံ့ခိုင်ရေးပါတီဝင်များအား ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအဖြစ် စစ်ကောင်စီမှအစားထိုးခန့်အပ်နေကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲခန့်အပ်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှအပ မတ်လ အစောပိုင်းမှစတင်ကာ မြို့နယ်အားလုံးရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအများစုကို ဖြုတ်ပြီး ကြံခိုင်ရေးပါတီဝင်များကို အစားထိုးခန့်အပ်နေခြင်းဖြစ်သည်။

ထိုသို့အစားထိုးခန့်အပ်ရာတွင် ကြံ့ခိုင်ရေးပါတီဝင်ထားခြင်းမရှိသည့် လောင်းကစားဒိုင်များ၊ စစ်တပ် အမာခံ သတင်းပေးများနှင့် မဘသများကို ကြံ့ခိုင်ရေးပါတီဝင်စေပြီးမှ ခန့်အပ်နေခြင်းဟုဆိုသည်။

“သူတို့(စစ်ကောင်စီ) အုပ်ချုပ်ရေးယန္တရားကို သူတို့ စိတ်ချရတဲ့လူတွေကိုပဲ ခန့်တဲ့သဘောပေါ့။ အုပ်ချုပ် ရေးမှူးဖြစ်မယ်ဆိုရင် ကြံခိုင်ရေးပါတီဝင်ဖြစ်ရမယ်လို့ သိရတယ်။ ကျွန်တော်တို့မြို့မှာဆိုရင် လောင်း ကစားဒိုင်တွေရော၊ ဆိုင်ကယ်တက္ကစီမောင်းတဲ့ဒလန်တွေပါ အုပ်ချုပ်ရေးမှူးတွေဖြစ်ကုန်ပြီ” ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

စစ်ကောင်စီက ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၀ ခန့်ရှိသည့် ပုသိမ်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅၇ ဦးကိုဖြုတ်ကာ ကြံ့ခိုင်ရေးပါတီဝင်များကို အစားထိုးခန့်အပ်ထားသည်။

ထို့အတူ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၅ အုပ်စုရှိသည့် ကြံခင်းမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၂ ဦး ကိုဖြုတ်ကာ အစားထိုးခန့်အပ်ခဲ့ကြောင်း အဆိုပါမြို့နယ်များရှိ စစ်ကောင်စီနှင့်နီးစပ်သူများက ပြော သည်။

ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများအပြားကိုလည်းဖြုတ်ကာ ကြံခိုင်ရေး ပါတီဝင်များကို အစားထိုးခန့်အပ်နေသည်ဟုလည်း သိရသည်။

“အခုလို အစားထိုးနေတယ်ဆိုတာ စစ်ကောင်စီက သူတို့လုပ်မယ်လို့တွေးနေတဲ့ ရွေးကောက်ပွဲမှာ နည်း မျိုးစုံနဲ့ လိမ်ဖို့အတွက် ကြိုပြီးပြင်ဆင်နေတာဖြစ်နိုင်တယ်။ နောက်တစ်ခုက PDF လှုပ်ရှားမှုသတင်းတွေ အပြည့်အဝရအောင်၊ ဒီဘက်အဖွဲ့အစည်း(NUG)ကို မကြိုက်တဲ့ ကြံ့ခိုင်ရေးကလူတွေနဲ့ အစားထိုးတဲ့ သဘောပါပဲ”ဟု မအူပင်မြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။

အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများရွေးချယ်လျှင် မဲပေးရွေး ချယ်သည့်စနစ်ဖြင့်ရွေးချယ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီ၏သဘောဆန္ဒတစ်ခုတည်းဖြင့် ရွေးချယ်တင် မြှောက်နေခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required