လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ကို ဆန္ဒပြ

လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ကို ဆန္ဒပြ
ဓာတ်ပုံ- သူရ

ရန်ကုန်၊ မတ် ၂၁ ။            ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား တရားစွဲဆိုခွင့်မရပါက ဆက်လက် ဆန္ဒထုတ်ဖော်မည်ဟု လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရး  နှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင်က ပြော သည်။

မတ်လ ၂၁ရက်နေ့က ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်ကွင်းသို့ ချီတက်ဆန္ဒပြကြစဉ် ဆန္ဒထုတ် ဖော်ပွဲကို ဦးဆောင်သည့် လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးလှသန်းက ယခုကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

" တရားဥပဒေဘောင်အတွင်းက ဒီအတိုင်းပဲ ဆက်ပြီးတော့ ပြနေမှာပဲလေ။ ဒီအတိုင်းပဲ ဆက်ပြီးတော့ ဆန္ဒ ထုတ်ဖော်နေမယ်။ နောက်တစ်ခါ မရရတဲ့အထိကို ဒီတိုင်းပဲ ဆန္ဒထုတ်ဖော်နေမှာပါပဲ"ဟု ဦးလှသန်းက ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လှည်းကူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား ၂၀၁၅ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းဝင်ရောက်ကာ တရားမဲ့ပြုကျင့် သည်ဟုဆိုတာ ဦးလှသန်းက တရားစွဲဆိုရန် သက်ဆိုင်ရာသို့ တင်ပြထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တရားစွဲ ဆို ခွင့်မရရှိသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဦးဖြိုးမင်းသိန်းအနေဖြင့် ရွေးကောက်ပွဲကျင်းပသည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် လှည်းကူးမြို့နယ် သနပ်ပြင် မဲရုံအတွင်းသို့ ဝင်ရောက်ကာ " ကော်မရှင်တွေ မင်းတို့ လက်ထိပ်နဲ့ လိုက်ချင်လား၊ မင်းတို့ မမြင်ဘူး ဖူးလား၊ ကော်မရှင်တွေအကုန်ထွက်ခဲ့"ဟု ပြောဆိုခဲ့ ခြိမ်းခြောက်ခဲ့သည့်အတွက် ရွေးကောက်ပွဲ ကော်မရှင် ဥ ပဒေပုဒ်မ ၁၄(၁)အရ အမှုဖွင့်အရေးယူရန် တိုင်ကြားထားခြင်း ဖြစ်ကြောင်းလည်း ဦးလှသန်းက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို မတ် ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းမှ စတင်၍ တာ မွေမြို့နယ်ရှိ လူထုဟစ်တိုင်ကွင်းသို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေများ ဖောက် ဖျက်၍ တရားစွဲခံထားရသော ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား ရန်ကုန်တိုင်း လွှတ်  တော်မှ အမြန်ဆုံး တရားစွဲဆိုခွင့်ပြုရေး၊ တရားမဲ့ပြုကျင့်သူအလိုမရှိ၊ လွတ်လပ်သောတရားစီရင်ရေးအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဝင်မစွက်ဖက်ရေးစသည့် ကြွေးကြော်သံများ ကြွေးကြော် ချီတက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly