ကျောက်ရစ်စခန်းမှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

By MTO (မဇ္ဈိမ)
20 March 2023
ကျောက်ရစ်စခန်းမှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်စခန်းမှထွက်လာသည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့ကြောင်း Myaung Special People Defense Force -MSPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်တွင် ကိုးပင်ကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ ကျောက်ရစ်ကနေအထွက်ကို ပွိုင့်တွေ ခင်းထားတာ ရှိတယ်။ အဲ့ဒါကို သူတို့က အင်အား ၃၀ လောက်နဲ့ ထွက်လာတာကို ဆွဲလိုက်တာ ငါးဦး တန်းသေပြီး ဂန်း (သေနတ်)  နှစ်လက်လည်း ပျက်စီးတယ်။ ကျန်တဲ့ သူတွေကလည်း ဒဏ်ရာရတာရှိတယ် ” ဟု MSPDF တာဝန်ရှိသူကပြောသည်။

ယင်းစစ်ကြောင်းသည် မည်သည့်နေရာသို့သွားရောက်ရန် ရည်ရွယ်၍ထွက်ခွာလာသည်ကို မသိရသော် လည်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်နောက် ကျောက်ရစ်စခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ဒဏ်ရာ ရရှိသူများကို ဆေးကုသမှုပေးနေကြောင်း MSPDF အဖွဲ့ ကဆိုသည်။

ကျောက်ရစ်စခန်းအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၂၀ ဦး ဝန်းကျင်ခန့်ရှိပြီး ၎င်းတို့ အတွက် ရိက္ခာပြတ်လပ်လာပါက အနီးဝန်းကျင်ရှိကျေးရွာများသို့ ဝင်ရောက်လုယက်လေ့ရှိကြောင်း သိရ သည်။

MSPDF အဖွဲ့သည် မတ်လ ၁၈ ရက်နေ့  မွန်းလွဲပိုင်းကလည်း သာဂေါင်ရွာနှင့် မင်းလှရွာသို့ ဝင်ရောက်နေသည့် စစ်ကောင်စီတပ်၏ဘီလူးစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးသုံးလုံးချ တိုက်ခိုက်ခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required