အာဏာသိမ်း ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်က အရပ်သားနေအိမ် ၆၀,၄၅၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီး

By ဂျူချန်း (မဇ္ဈိမ)
20 March 2023
အာဏာသိမ်း ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်က အရပ်သားနေအိမ် ၆၀,၄၅၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီး

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ အဖွဲ့အစည်းများက အရပ်သားများ၏နေအိမ် စုစုပေါင်း ၆၀,၄၅၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စိစစ်ထား သည့် အချက်အလက်များအရ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်ကိုင်းတိုင်းတွင်းရှိ နေအိမ်အများ ဆုံး မီးရှို့ဖျက်ဆီးခံထားရကြောင်း ဆိုသည်။

Data for Myanmar ၏ဖော်ပြချက်အရ နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်း၏ လက် အောက်ခံများကြောင့် စစ်ကိုင်းတိုင်းတွင် နေအိမ် ၄၇,၇၇၈ လုံး၊ မကွေးတိုင်းတွင် နေအိမ် ၉,၀၁၉ လုံး၊ ချင်းပြည်နယ်တွင် နေအိမ် ၁,၄၈၅ လုံးနှင့် ကျန်ပြည်နယ်နှင့်တိုင်းများတွင် ၂,၁၇၇ လုံး ပျက်စီး ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

အဆိုပါဖော်ပြချက်တွင် ကရင်နီပြည်နယ်မှဖြစ်စဉ်များမှာ ဆက်သွယ်ရေးအခက်အခဲနှင့် တိုက်ပွဲများ ကြောင့် ရက်အလိုက် ဖြစ်စဉ်တစ်ခုချင်းစီ၏အချက်အလက်များ မရရှိနိုင်သေးသောကြောင့် ၂၀၂၁ ဒီဇင်ဘာလကရရှိထားသည့် စာရင်းချုပ်နှင့် စုပေါင်းထည့်ထားကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံများက အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများအား Data for Myanmar သတင်းမီဒီယာများ၊ ဒေသဆိုင်ရာ သတင်းမှန်ပြန်ကြားရေးအဖွဲ့များ၊ ဒေသခံ လူ့အခွင့် အရေးအဖွဲ့များ၊ စစ်ဘေးရှောင်များအား ကူညီပေးနေသည့်အဖွဲ့များထံမှ အချက်အလက်များစုစည်းကာ အရေအတွက်များသည့် ဖြစ်စဉ်များအား National Aeronautics and Space Administration (NASA) အဖွဲ့၏  Fire Information for Resource Management System (FIRMS Database) မှ အချက် အလက်များနှင့် အတည်ပြု စိစစ်ထားကြောင်း သိရသည်။

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly