စစ်ခေါင်းဆောင်ရောက်ရှိနေချိန် မုံရွာ နမခစစ်ဌာနချုပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

By ပါခွီး (မဇ္စျိမ)
20 March 2023
စစ်ခေါင်းဆောင်ရောက်ရှိနေချိန် မုံရွာ နမခစစ်ဌာနချုပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာချုပ်(နမခ)သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်နေချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နမခစစ်ဌာနချုပ်အတွင်းသို့ လက်နက်ကြီးဖြင့် ရှစ်ချက်ပစ် ခတ်ခဲ့ရာ စစ်တပ်ဂိတ်များပေါ်သို့  ငါးချက် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဆိုသည်။

“မအလ မုံရွာရောက်နေပြီး နမခကိုလာမယ်ဆိုတာသိရလို့ လုံခြုံရေးတင်းကျပ်နေတဲ့ကြားက သွားထုခဲ့ ကြတာ” ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံကမဇ္စျိမကို ပြောသည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် နမခဌာနချုပ်အတွင်းမှလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ဌာနချုပ်အတွင်းမှ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့သော် လည်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးပေ။ သွား ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သော ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ခွဲ (၄) Fight For People (FFP) မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်(လေ) တို့သည် မုံရွာ နမခစစ်ဌာနချုပ်တွင် မတ်လ ၁၉ ရက်နေ့က  စစ်ကောင်စီတပ်သားများနှင့် တွေဆုံခဲ့ပြီး ဒဏ်ရာရရှိ ထားသော တပ်သားများကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly