PSG ရဲ့ အိမ်ကွင်း ရှုံးပွဲမရှိ ရှည်ကြာမှုကို အဆုံးသတ်ပေးခဲ့တဲ့ ရန်းနက်စ်

PSG ရဲ့ အိမ်ကွင်း ရှုံးပွဲမရှိ ရှည်ကြာမှုကို အဆုံးသတ်ပေးခဲ့တဲ့ ရန်းနက်စ်

ရန်းနက်စ်အသင်းက အမှတ်ပေးဇယားဦးခေါင်းဆောင်သူတွေကို လိဂ်ပွဲစဉ် နှစ်ကျော့စလုံး အနိုင်ယူရင်း ပဲရစ်စိန့်ဂျာမိန်း (PSG)ဟာ ၂၀၂၁ ဧပြီလနောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော လီဂူးအိမ်ကွင်းပွဲစဉ်မှာ ရှုံးပွဲကြုံခဲ့ရပါတယ်။

Arnaud Kalimuendo က ဒုတိယပိုင်း ၃ မိနစ်မှာ နောက်ထပ်မသွင်းခင် ပထမပိုင်း ၄၅ မိနစ်မှာ Karl Toko Ekambi က သွင်းယူခဲ့တာကြောင့် ဧည့်သည်အသင်းတို့ နှစ်ဂိုးပြတ်နဲ့ နိုင်ခဲ့တာပါ။

PSG ဟာ Parc des Princes ကွင်းမှာ သူတို့ရဲ့ ရှုံးပွဲမရှိ လိဂ်ပွဲ ၃၅ ပွဲ ရပ်တန့်သွားတာကို ကြုံတွေ့ခဲ့ရပါတယ်။

Reims အသင်းဟာလည်း မာဆေးလ်ကို ရှုံးနိမ့်ကာ သူတို့ရဲ့ ၁၉ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း အဆုံးသတ်ခဲ့ပါတယ်။

သူတို့ဟာ မိုနာကိုကို စက်တင်ဘာလက ၃-၀ ဂိုးနဲ့ ရှုံးပြီး နောက်ဆုံး လိဂ်ရှုံးပွဲဖြစ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံဖွား အင်္ဂလိပ်လူမျိုး Will Still ကိုင်တွယ်တဲ့ Reims က အာဆင်နယ် အငှားချထားတဲ့ ဘာလော့ဂန်ရဲ့ ဂိုးနဲ့ ၁၃ မိနစ်မှာ ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် အလက်ဆစ်ဆန်းချက်ဇ်ရဲ့ ပထမပိုင်းသွင်းဂိုးနှစ်ဂိုးက မာဆေးလ်ကို ၂-၁ ဂိုးနဲ့အနိုင်ရရှိစေခဲ့ပြီး ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ဘာလော့ဂန်ရဲ့ ကန်သွင်းချက် ဂိုးတိုင်ထိခဲ့လို့ Reims အသင်း နစ်နာခဲ့ရပါတယ်။

ခရစ်စတိုဖီ ဂယ်တီယာရဲ့ PSG အသင်းက ၁၃ နှစ်အတွင်း ၁၁ ကြိမ်မြောက် အမှတ်ပေးဖလားကို ရယူဖို့ တာဆူရင်း မာဆေးလ်ကို ခုနစ်မှတ်ဖြတ်ထားကာ ဇယားထိပ်မှာ ရပ်တည်နေပါတယ်။

ပွဲစဉ် (၂၈)အပြီး ပဲရစ်စိန့်ဂျာမိန်း နောက်မှာတော့ မာဆေးလ် (၅၉ မှတ်)၊ လန်းစ် (၅၇ မှတ်)၊  မိုနာကို (၅၄ မှတ်)နဲ့ ရန်းနက်စ် (၅၀ မှတ်)တို့ အမှတ်ပေးဇယားမှာ အစဉ်လိုက်ရပ်တည်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly