စစ်မြေပြင်မှာ အမြောက်ကျည်ဆံတွေ အသည်းအသန် လိုအပ်နေတာကြောင့် ရုရှားက မြန်မာအပါအဝင် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတို့မှ လက်နက်ခဲယမ်းဝယ်ယူရန် ကမ်းလှမ်းဆွေးနွေးနေကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ဗာဒင်စကီ ဘစ်စကီးက မတ် ၁၇ ရက်က ထုတ်ပြန်ပြောဆိုပါတယ်။
“ခဲယမ်းမီးကျောက်တွေ၊ ဒုံးကျည်တွေ၊ အခြားစစ်လက်နက်ကိရိယာတွေနဲ့ လက်နက်တွေရရှိဖို့ ရုရှား အာ ဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြနေတဲ့ အထောက်အထားတွေ စစ်ထောက် လှမ်းရေးမှာရှိပါတယ်” လို့ သူက ဆိုပါတယ်။
“ရုရှားနိုင်ငံဟာ ခဲယမ်းမီးကျောက် ပြတ်လပ်မှု စတင်ကြုံတွေ့နေရပြီ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ရုရှားနိုင်ငံက အီရန်နဲ့ အထူး ပူးပေါင်းဆောင်ရွက်နေပြီး ခဲယမ်းမီးကျောက်တွေ၊ ဒရုန်းတွေ လက်ခံရရှိခဲ့ ကာ ပဲ့ထိန်းဒုံးကျည်တွေရရှိဖို့ မျှော်လင့်နေတယ်လို့ သူက ဆက်ပြောပါတယ်။