မြိုင်မြို့နယ် ရဲစခန်းနှင့် မြို့အဝင်ဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

By 008 (မဇ္ဈိမ)
20 March 2023
မြိုင်မြို့နယ် ရဲစခန်းနှင့် မြို့အဝင်ဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ် ရဲစခန်းနှင့် မြို့အဝင် စစ်ကောင်စီတပ် ဂိတ်တို့ကို မတ် ၁၈ရက် နေ့က ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင့် မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရပေ။

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ Shar Htoo Waw Drone နည်းပညာအဖွဲ့၊Salingyi Special Task Force – SSTF (ယင်းမာပင်ခရိုင်တပ်ရင်း အမှတ် ၁၄၊၁၅) မှ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ စစ်ကိုင်း ခရိုင်တပ်ရင်း (၄)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေး (001) ၊ အညာသားပြောက်ကြားတပ်ဖွဲ့နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့စသည့် တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။

စာတည်း။  ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required