အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုး သားပါတီအပါအဝင် စစ်ကောင်စီထံ မှတ်ပုံတင်သည့် တိုင်းရင်းသားပါတီ ၁၂ ပါတီအထိရှိလာ

အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုး သားပါတီအပါအဝင် စစ်ကောင်စီထံ မှတ်ပုံတင်သည့် တိုင်းရင်းသားပါတီ ၁၂ ပါတီအထိရှိလာ

-စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၁၇ ရက်နေ့အထိ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၂၉ ပါတီမှာတိုင်းရင်းသားပါတီ ၁၂ ပါတီ အထိ ရှိတယ်လို့ သိရပါတယ်။

-တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၂ ပါတီထဲမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီနဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီတို့ဟာ ကချင်ပြည်နယ်အတွင်း စည်းရုံးကြမှာပါ။

-ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီနဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကတော့ ရခိုင်ပြည်နယ်အတွင်း စည်းရုံးကြမှာဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ ရှမ်းပြည်နယ်အတွင်း စည်းရုံးကြမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly