အင်္ဂလန်အသင်းခြေစမ်းပွဲကို ဂျိုးဟတ်နှင့်စတာလင်းတို့ လွဲရန်ရှိ

အင်္ဂလန်အသင်းခြေစမ်းပွဲကို ဂျိုးဟတ်နှင့်စတာလင်းတို့ လွဲရန်ရှိ

မတ် ၂၁၊ မန်ချက်စတာ။            ။ တနင်္ဂနွေနေ့တွင် မန်ချက်စတာစီးတီးအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကိုရှုံးခဲ့သည့် ဒါဘီပွဲ၌ ဒဏ်ရာရခဲ့သော ဂျိုးဟတ်နှင့် စတာလင်းတို့သည် ဂျာမနီ၊ နယ်သာလန်တို့နှင့်ကစားမည့် အင်္ဂလန်အသင်း၏ခြေစမ်းပွဲနှစ်ပွဲကို လွဲရန်ရှိနေသည်။

လက်ထောက်နည်းပြဂယ်ရီနဗီးလ်သည်လည်း ၎င်း၏ဗလင်စီယာအသင်းလာလီဂါသုံးပွဲဆက်ရှုံးပြီးနောက် အင်္ဂလန်အသင်းသို့နောက်ကျပြီးမှ ရောက်လာမည်ဖြစ်သည်။

ဂျိုးဟတ်နှင့်စတာလင်းတို့သည် လေးပတ်ခန့်အနားယူရဖွယ်ရှိနေရာ ချန်ပီယံလိဂ်ကွာတားတွင်ပါဝင်ကစားရန်လည်း အလွန်မသေချာသည့် အနေအထားမျိုးဖြစ်သည်။

ဂိုးသမားဂျိုးဟတ်တွင် ခြေသလုံးဒဏ်ရာရခဲ့ပြီး တောင်ပံကစားသမား စတာလင်းတွင် ပေါင်ခြံဒဏ်ရာရနေသည်။

အင်္ဂလန်အသင်း၏ပွဲစဉ်များဖြစ်သော ဂျာမနီနှင့်စနေနေ့တွင်ကစားမည့်ပွဲ၊ မတ် ၂၉ တွင် နယ်သာလန်နှင့်ဝင်ဘာလေတွင်ကစားမည့်ပွဲများ၌ ယင်းကစားသမားနှစ်ဦးပါဝင်နိုင်ချေရှိ၊ မရှိနှင့်ပတ်သက်ပြီးမေးမြန်းမှုကို စီးတီးနည်းပြပယ်လီဂရီနီက ယင်းကစားသမားနှစ်ဦးလုံးတွင် ကြွက်သားဒဏ်ရာရှိနေသည်ဟု ပြောသည်။

"စတာလင်းက ပေါင်ခြံ၊ ဂျိုးဟတ်က ခြေသလုံးဒဏ်ရာရှိနေတယ်။ ကြွက်သားဒဏ်ရာက တစ်ပတ်ပဲကြာမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ပုံမှန်ဆိုရင်တော့ သုံး၊ လေးပတ်ကြာတတ်တယ်"ဟု ပယ်လီဂရီနီက ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly