စီးရီးအေမှာ အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာတဲ့ ဇလာတန် အီဘရာဟီမိုဗစ်

စီးရီးအေမှာ အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာတဲ့ ဇလာတန် အီဘရာဟီမိုဗစ်

အေစီမီလန်အသင်းရဲ့ ဇလာတန် အီဘရာဟီမိုဗစ်ဟာ သူ့အသင်းက အူဒီးနီးစ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း သူဟာ စီးရီးအေသမိုင်းတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ရဲ့ ပထမပိုင်းပြီးဆုံးချိန် နာကျင်အချိန်ပိုမှာ ပင်နယ်တီပြစ်ဒဏ်ဘော ကန်သွင်းမှုမှာ အိမ်ကွင်းဂိုးသမား Marco Silvestri ကာကွယ်ခဲ့နိုင်ခဲ့ပေမယ့် VAR က မကန်ခင် အိမ်ရှင်ကစားသမားတွေ ပင်နယ်တီဧရိယာထဲဝင်တယ်ဆိုပြီး ဒုတိယတစ်ကြိမ် ပြန်ကန်စေပြီးနောက် အီဘရာဟီမိုဗစ် သွင်းယူနိုင်ခဲ့တာပါ။

ပြင်းထန်တဲ့ ဒူးဒဏ်ရာကနေ ပြန်လာပြီးနောက်ပိုင်း ဒီဂိုးဟာ ဆွီဒင်ကစားသမားရဲ့ ပထမဆုံးဂိုးဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ဒီဂိုးကို အသက် ၄၁ နှစ်နဲ့ ၁၆၆ ရက်မှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အလန်ဆန်ဒေါ် ကော့စကာတာ (၄၁ နှစ်၊ ၂၅ ရက်)ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး တိုက်စစ်မှူးဟာ လိဂ်ရဲ့ အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့တာပါ။

အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့သည့်ရာသီက မီလန်ကို စီးရီးအေချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပြီး နွေရာသီမှာ ကျောရိုးအရွတ်ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

သူဟာ ဖေဖော်ဝါရီမှာသာ ပြန်လာခဲ့ပြီး မီလန်ရဲ့ အသက်အကြီးဆုံးအသင်းခေါင်းဆောင်ဖြစ်လာတဲ့ အခုပွဲမတင်ခင်မှာ လူစားလဲ ၃ ပွဲကစားခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် အေစီမီလန်က အဆင်ံ ၄ နေရာမှာ ရပ်တည်ခဲ့ပြီး အူဒီးနီးစ်က အဆင့် ၈ အထိ တက်လာခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အီဘရာဟီမိုဗစ်ရဲ့ ပြန်လာပြီး ပွဲထွက်လာနိုင်တာဟာ ဧပြီလမှာ စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူ နာပိုလီနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှစ်ကျော့ ရင်ဆိုင်ရမယ့် မီလန်အတွက် ကြီးမားတဲ့ တွန်းအားပေးမှုတစ်ခု ဖြစ်လာမှာပါ။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly