ရေစကြိုမြို့နယ်၌ ကင်းစောင့်နေသည့် ပျူအဖွဲ့ကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ ၁ ဦးသေဆုံး လက်နက်များသိမ်းဆည်းရမိ

ရေစကြိုမြို့နယ်၌ ကင်းစောင့်နေသည့် ပျူအဖွဲ့ကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ ၁ ဦးသေဆုံး လက်နက်များသိမ်းဆည်းရမိ

မန္တလေး(မဇ္ဈိမ)။      ။မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခြေမြန်တပ်ရင်း(ခလရ ၂၅၆)အနီး၌ ကင်းစောင့်နေသည့် ပျူစောထီးအဖွဲ့ကို ယနေ့ မတ်လ ၁၈ရက်၊ နံနက် ၈နာရီ ၃၀မိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့​ပြီး လက်နက်များသိမ်းဆည်းရမိကြောင်း သိရသည်။

ကင်းစောင့်နေသည့် ပျူ(ပျူစောထီး) သုံးဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ စစ်မှုထမ်းဟောင်း ပျူခေါင်းဆာင် ကျောက်ခဲဆိုသူဖြစ်သည်။ ကျန်ပျူ နှစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားသည်။

သေဆုံးသူကိုင်ဆောင်သည့် ကာဘိုင် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည် ၁၀၁ တောင့်၊ Short Gun တစ်လက်နှင့် ကျည် ၁၄ တောင့်၊ ကပ်သီးတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required