တရုတ်မှတ်တမ်းရုပ်ရှင်များက တိဗက်နှင့်ပတ်သက်သည့် သတင်းမှားများ ထုတ်လွှင့်

တရုတ်မှတ်တမ်းရုပ်ရှင်များက တိဗက်နှင့်ပတ်သက်သည့် သတင်းမှားများ ထုတ်လွှင့်

တိဗက်အုံကြွမှု ၆၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သော၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းရှိ အဝေးရောက် တိဗက်လူမျိုးများက အထိမ်းအမှတ်ဆန္ဒပြပွဲများ ပြုလုပ်ပြီး တိဗက်လူမျိုးများ၏ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုကို အားပေးကူညီရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တရုတ်နိုင်ငံက တာဝန်ယူခံစေရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်သည်။ 

ယခုနှစ် မတ်လ ၂၈ ရက်မတိုင်မီတွင် တရုတ်ကွန်မြူနစ်ပါတီသည် ၎င်း၏ လုပ်ကြံဇာတ်ကြောင်းကို ထုတ်လွှင့်ရန် ဝါဒဖြန့် မှတ်တမ်းရုပ်ရှင်များ အပါအဝင် လက်နက်များစွာကို အသုံးပြုနေကြောင်း Tibet Rights Collective က ဖော်ပြသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည့် မတ်လ ၁၀  ရက်  မတိုင်မီ ထုတ်ဝေခဲ့သည့် CGTN မှတ်တမ်းရုပ်ရှင်တွင် တိဗက်အမျိုးသမီးများ ဇာတ်လမ်းကို ထုတ်လွှင့်ခဲ့ပြီး ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် မွေးဖွားခဲ့ကြသော မျိုးဆက်သစ်များ၏ ဘဝများကို ဖော်ပြထားသည်။ 

“တိဗက် ကုန်းပြင်မြင့်မှာ သူတို့ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို လိုက်ရှာရင်း သူတို့ရဲ့ မွေးရပ်မြေကို အဓိပ္ပာယ်ရှိရှိ ပံ့ပိုးပေးခဲ့သူ အမျိုးသမီးငယ် ၅ ဦး၏ ဇာတ်လမ်းများကို ထုတ်ဖော်ပြထားသည်” ဟု CGTN က ထုတ်လွှင့်ခဲ့သည်။ 

အလားတူပင် ပဒေသရာဇ်ကျေးကျွန်စနစ်မှ လွတ်မြောက်ခဲ့သော သက်ကြီးရွယ်အို တိဗက်အမျိုးသမီး ၄ ဦး၏ ဘဝများကို အဓိကထားပြီး တိဗက်ကျွန်များ လွတ်မြောက်ပြီးနောက်ပိုင်း တိဗက်တွင် ဖြစ်ပျက်ခဲ့သော သိသာသော အပြောင်းအလဲများစွာ အလေးပေးရိုက်ကူးပြထားသည်။

မှတ်တမ်းရုပ်ရှင်တွင် ဆွေကြီးမျိုးကြီးမိသားစုကို ပြုစုခဲ့ရသော တိဗက်အဘွားကြီး ၁ ဦးက သူမလွတ်မြောက်ခဲ့ပုံနှင့် ခေတ်သစ်တိဗက်တွင် နေထိုင်ရပုံတို့ကို ပြောပြသည့်ပုံစံ အဖွင့်တွင် ရိုက်ပြထားသည်။

ထို့ပြင် နောက်ထပ်မှတ်တမ်းရုပ်ရှင်တစ်ခုတွင် အသက် ၅၂ နှစ်ရှိ တိဗက်အမျိုးသားတစ်ဦးက မွေးမြူရေးခြံ လုပ်ငန်းလုပ်ကိုင်နေပုံကို ရိုက်ပြကာ ယခင်က စားဝတ်နေရေး ချို့တဲ့ခဲ့သော တိဗက်လူမျိုးများသည် ယခုအခါ လွတ်လပ်၍ အလွန်ပျော်ရွှင်နေကြသည်ဟု ပုံဖော်ရိုက်ကူးထားကြောင်း Tibet Rights Collective က ဖော်ပြသည်။

ခေတ်သစ်တိဗက်တွင် အမျိုးသမီးများကို လွတ်လပ်စွာရွေးချယ်ခွင့်များ ပေးထားကြောင်း မှတ်တမ်းရုပ်ရှင်များက ကြိုးစားပုံဖော်ထားသည်။ 

တိဗက်၏ ၁၄ ဆက်မြောက် ဒလိုင်းလားမား၏ အရိုက်အရာဆက်ခံမည့်ကိစ္စကို နှောင့်ယှက်ရန်နှင့် တိဗက်ဗုဒ္ဓဘာသာကို တရုတ်ဇာတ်သွင်းရန် ကြိုးပမ်းသည့်အနေဖြင့်  တရုတ်ကွန်မြူနစ်ပါတီက ဝါဒဖြန့်ချိရေး ရုပ်သံအစီအစဉ်များကို စတင်လုပ်ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားကြသည်။

ထိုသို့သော ဝါဒဖြန့် မှတ်တမ်းရုပ်ရှင်များသည် လက်တွေ့တွင် လူအခွင့်အရေးချိုးဖောက်မှုခံနေရသော ဝီဂါများကို ပြုံးပျော်ရွှင်ကာ ကခုန်နေသော  ဝီဂါအဖြစ် ပုံဖော်သကဲ့သို့  စိတ်ချမ်းသာပြီး ပြီးပြည့်စုံသော တိဗက်အဖြစ် ပုံမှားရိုက်နေကြခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly