ဆေးကျောင်းသူများက စာမေးပွဲ ဖြေဆိုခွင့်ပေးရန် တာလီဘန်အကြီးအကဲများထံ တောင်းဆို

By Tolo News
17 March 2023
ဆေးကျောင်းသူများက စာမေးပွဲ ဖြေဆိုခွင့်ပေးရန် တာလီဘန်အကြီးအကဲများထံ တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံ ပုဂ္ဂလိကနှင့်အစိုးရတက္ကသိုလ်များရှိ ဌာနအသီးသီးမှ ဆေးကျောင်းသူများက နောက်ဆုံးနှစ် စာမေးပွဲကို ကျင်းပ‌ပေးရန် အာဖဂန်ကြားဖြတ်အစိုးရအား တောင်းဆိုထားသည်။

နောက်ဆုံးနှစ် စာမေးပွဲကျင်းပမပေးသော‌ကြောင့် အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေကြောင်း ကျောင်းသူများက ပြောသည်။ 
ဆေးတက္ကသိုလ်များမှ   ကျောင်းသားများအတွက် ဝင်ခွင့်စာမေးပွဲကို လွန်ခဲ့သည့် ၃ ပတ်နီးပါးက ကျင်းပခဲ့သော်လည်း   ကျောင်းသူများ စာမေးပွဲဖြေဆိုမည့်ရက်ကို တာလီဘန်အစိုးရက မသတ်မှတ်ရသေးပေ။

“သူတို့က ကျွန်မတို့ကို စာမေးပွဲဖြေခွင့်ပေးမယ်လို့ ကတိပေးတဲ့အတွက် ဒီစာမေးပွဲ ကျင်းပဖြစ်မယ်လို့ မျှော်လင့်ပြီး ပြင်ဆင်နေပါတယ်။ ကျွန်မတို့ကို စာမေးပွဲ မြန်မြန်ဖြေခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ကျောင်းသူ ရိုရီနာက ပြောသည်။
ကျောင်းသူများသည် ၎င်းတို့၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

“ကျွန်မတို့အတွက် စာမေးပွဲ မကျင်းပရသေးဘူး။  ဒါက ကျွန်မတို့ရဲ့ အခွင့်အရေးဖြစ်ပြီး ကျွန်မတို့အပေါ် ကြီးကြီးမားမား အမှားကြီးတစ်ခု ကျူးလွန်တယ်လို့ ထင်ပါတယ်” ဟု ကျောင်းသူ အန်နာခါနီက ပြောကြားခဲ့သည်။

“ကျွန်မတို့အတွက် တက္ကသိုလ်တွေနဲ့ ကျောင်းတွေရဲ့ တံခါးတွေကို ပိတ်ထားသရွေ့တော့ ပညာရေးကို ရှေ့မဆက်နိုင်ဘဲ ဝမ်းနည်းစရာနဲ့ စိတ်ပျက်စရာတွေဖြစ်နေမှာပါက။ ဒါက ကျွန်မတို့ကို အနှောက်အယှက်ဖြစ်စေပါတယ်” ဟု ကျောင်းသားတစ်ဦးဖြစ်သူ ဖီရိုဇာအာမီနီ က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ဆေးကောင်စီ (AMC) သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀  ရက်တွင် ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုခွင့် ပေးခဲ့သော်လည်း ကျောင်းသူများအတွက် စာမေးပွဲ‌ဖြေဆိုရမည့် အချိန်ကို သတ်မှတ်ခြင်း မရှိသေးပေ။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly