စစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံတကာဖမ်းဝရမ်းထုတ်နိုင်ဖို့ အချိန်ဘယ်လောက် စောင့်ရမလဲ (ဆောင်းပါး)

စစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံတကာဖမ်းဝရမ်းထုတ်နိုင်ဖို့ အချိန်ဘယ်လောက် စောင့်ရမလဲ (ဆောင်းပါး)

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဧရိယာတလျှောက်က ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး တာတွေ အပြင် စစ်ကောင်စီ လက်ရှိကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုပါ ထပ်မံထည့်သွင်းပြီး စုံစမ်း စစ်ဆေးပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကို တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။မြန်မာစစ်တပ် ခြေမြန်တပ်မ ၉၉ က အနည်းဆုံး လူ ၃၇ ဦးကို ညှဉ်းပမ်းသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ မတ်လ ၆ ရက်နေ့မှာ အွန်လိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရမှာ စစ်ကိုင်းတိုင်း၊ တာတိုင်ရွာမှာ လူ ၁၇ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ထွက်ဆိုခဲ့ပါတယ်။အဲဒီနောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကို စစ်ကောင်စီအပေါ် လက်ရှိကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ပြည်သူလူထုကို ရန်သူလို ဆက်ဆံနေတဲ့ စစ်ကောင်စီတပ်တွေဟာ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာနေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဒီနှစ်ထဲမှာ ပိုများလာတာ တွေ့ရပါတယ်။စစ်ကောင်စီဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာဖို့မပြောနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာလည်း ကမ္ဘာကသိနေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required