မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက သူ့မှာ 'အရေးကြီးတဲ့ အခန်းကဏ္ဍ'ကနေ ပါဝင်ကစားဖို့ ရှိနေတယ်လို့ ပြော

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက သူ့မှာ 'အရေးကြီးတဲ့ အခန်းကဏ္ဍ'ကနေ ပါဝင်ကစားဖို့ ရှိနေတယ်လို့ ပြော
Photo: EPA

သရဲနီတို့ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းဖို့  ရီးယဲလ်ဘက်တစ်ကို အနိုင်ယူပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက သူ့မှာ 'အရေးကြီးတဲ့ အခန်းကဏ္ဍ'ကနေ ပါဝင်ကစားဖို့ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ စတင်ခဲ့တဲ့ မက်ဂွိုင်းယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက ယူနိုက်တက်အတွက် ၅ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

သူဟာ ကြာသပတေးနေ့မှာ နည်းပြ ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

"ကျနော် ဒီကလပ်မှာ ကွင်းတွင်းနဲ့ ကွင်းပြင်ပမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီး ကျနော် ကစားနေသည်ဖြစ်စေ မကစားသည်ဖြစ်စေ ဒီကလပ်ကို အောင်မြင်အောင် နေ့တိုင်း ကြိုးစားလုပ်ဆောင်နေပါတယ်"လို့ မက်ဂွိုင်းယားက ပြောပါတယ်။

ယူနိုက်တက်ရဲ့ နှစ်ကျော့ပေါင်း ၅-၁ ဂိုး ရလဒ်နဲ့ နိုင်ပွဲအပြီးမှာ BT Sport နဲ့ စကားပြောရာမှာ သူက “သိသာထင်ရှားတာကတော့ ကျနော် ကစားချင်ပြီး ပွဲထွက်ခွင့်တွေ ရချင်တယ်။ ဒါပေမယ့် ကွင်းတွင်းရော အပြင်မှာပါ ကျနော့်အပိုင်းမှာ ပါဝင်ကစားနေပါတယ်။

"အဲဒီနေရာကနေ ထွက်ပြီး အသင်းကို ဦးဆောင်ရတာ ကောင်းပါတယ်၊ ဒါက ကျနော်ကိုယ်တိုင်နဲ့ အဖွဲ့အတွက် အရေးကြီးဆုံး အစိတ်အပိုင်းပါ။"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ၂၀၁၉ သြဂုတ်လက ယူနိုက်တက်ကို ပေါင်သန်း ၈၀ နဲ့ ရောက်ရှိလာပေမယ့်လည်း ယူနိုက်တက်မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ခေါ်ယူထားတဲ့ ကစားသမားသစ် မာတီနက်ဇ်နဲ့ ဗာရန်းတို့ကို ဗဟိုခံစစ်မှာ ပိုမိုနှစ်သက်နေတာကြောင့် သူဟာ ဒီရာသီမှာ မိနစ်တိုင်းအတွက် ရုန်းကန်နေရပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly