နက်တူနာပင်လယ်တွင် တရုတ်သင်္ဘော ခိုးဝင်ငါးဖမ်းမှုကြောင့် တရုတ်သံအမတ်ကြီးအား အင်ဒိုနီးရှား သမ္မန်ဆင့်ခေါ်

နက်တူနာပင်လယ်တွင် တရုတ်သင်္ဘော ခိုးဝင်ငါးဖမ်းမှုကြောင့် တရုတ်သံအမတ်ကြီးအား အင်ဒိုနီးရှား သမ္မန်ဆင့်ခေါ်

ဂျကာတာ၊ မတ် ၂၀ ။           ။ နက်တူနာပင်လယ်အတွင်း တရုတ်ငါးဖမ်းသင်္ဘောပါဝင်ပတ်သက်ခဲ့သည့် ဖြစ်ရပ်တစ်ခုကြောင့် အင်ဒိုနီးရှားဆိုင်ရာ တရုတ်သံအမတ်ကြီးအား အင်ဒိုနီးရှားက သမ္မန်ဆင့်ခေါ်ထားကြောင်း ဝန်ကြီးတစ်ဦးက ပြောသည်။

အင်ဒိုနီးရှားက အငြင်းပွားတောင်တရုတ်ပင်လယ်အနီးတွင် တရုတ်ငါးခိုးဖမ်းသည့် သင်္ဘောတစ်စီးအား ဖမ်းဆီးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်တွင် တရုတ်ကမ်းခြေစောင့်သင်္ဘောက ကြားဝင်နှောင့်ယှက်မှု ရှိခဲ့ကြောင်း ငါးလုပ်ငန်းဝန်ကြီး Susi Pudjiastuti က သတင်းထောက်များအား ပြောသည်။

"ကျွန်တော်တို့ အနေနဲ့ တရုတ်သံအမတ်ကြီးကို မေးမြန်းမှာဖြစ်ပါတယ်။ တရုတ်က သူတို့ သတ်မှတ်ရေပြင်မှာ နက်တူနာပင်လယ်ရေပြင် မပါဘဲ ဘာကြောင့် ဝင်ပြီး ငါးခိုးဖမ်းသလဲဆိုတာ   မေးမြန်းသွားမှာဖြစ်ပါတယ်။"ဟု Pudjiastuti က ပြောသည်။

တရုတ်သည် တောင်တရုတ်ပင်လယ် ရေပြင်များစွာကို ၎င်းတို့ပိုင် အတည်ပြုထားသကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုကာ ရေပိုင်နက်အငြင်းပွားမှုများ ရှိနေသည်။ တောင်တရုတ်ပင်လယ်ပိုင်နက်နှင့် ပတ်သက်ပြီး အင်ဒိုနီးရှားက တရုတ်နှင့် အငြင်းပွားမှုမရှိသော်လည်း သဘာဝအရင်းအမြစ်ပေါကြွယ်သော နက်တူနာကျွန်းစုများကိုပါ တရုတ်က အပိုင်ပြုလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly