မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက PDF နှင့် ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင်"စစ်အာဏာရှင်ကျဆုံးတဲ့ အထိ တိုက်ပွဲဝင်မည့် တနင်္သာရီ" ဆိုသည့် ဘန်နာကိုင်ဆွဲကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။
တနင်္သာရီမြို့နယ်တွင် လွတ်မြောက်နယ်မြေမှ ပြည်သူများ စစ်အာဏာသိမ်းခြင်း နှစ်နှစ်ပြည့် တော်လှန်ခြင်းအနေဖြင့် PDF၊ ပကဖ အဖွဲ့များမှ ဝန်းရံ၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ငြိမ်းချမ်းစွာဖြင့် လူထုဆန္ဒဖော်ထုတ်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)