အာဏာသိမ်းစစ်တပ်  အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု  ၆၄ ကြိမ် ကျုးလွန်ခဲ့ဟု NUG ထုတ်ပြန်

အာဏာသိမ်းစစ်တပ်  အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု  ၆၄ ကြိမ် ကျုးလွန်ခဲ့ဟု NUG ထုတ်ပြန်

စစ်တပ်က အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဟာ  လူ ၅ ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ်ပေါင်း  ၆၄ ကြိမ် ကျုးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း ၇၆၆ ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက  ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၆ ကြိမ် ရှိခဲ့ပြီး ၄၄၉ ဦး အသတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားတာပါ။

NUG ရဲ့ မှတ်တမ်းအရ  ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်က စစ်ကိုင်းတိုင်း ၊ကနီမြို့နယ် ၊ယင်းရွာမှာ အရပ်သား ၃၄ ဦးကို သတ်ဖြတ်မှုနဲ့ စစ်ကောင်စီတပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်ခဲ့တယ်လို့သိရပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု  ၆၄ မှုမှာ ပြည်သူ ၇၆၆ ဦးသတ်ဖြတ်ခံရပြီး  အဲဒီအထဲမှာ  အမျိုးသား ၄၈၂ ဦး ၊ အမျိုးသမီး ၇၈ ဦးပါဝင်ကာ ကျန်တဲ့ ၂၀၆ ဦးရဲ့အလောင်းတွေကိုတော့ ကျား၊မ စစ်ဆေးဖို့ မလွယ်ကူခဲ့ဘူးလို့ NUG ကပြောပါတယ်။

ကျားမ ခွဲခြားနိုင်တဲ့ ရုပ်အလောင်း ၅၅၉ လောင်းမှာ အသက် ၆၀ အထက်  သက်ကြီးရွယ်အို ၄၂ လောင်းပါပြီး၊ အသက် ၁၈ နှစ်အောက် အသက်မပြည့်သေးတဲ့သူ ၆၂လောင်း ထိပါခဲ့တယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ် အတွင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၉ ကြိမ် အတွင်း ၁၄၇ ဦးသေဆုံးခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာတော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၄ ကြိမ် အထိ တိုးလာပြီး သေဆုံးသူလည်း ၅၁၅ ဦး အထိ မြင့်တက်လာတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး ၅ လအကြာ  ကနေ စတင်ကျုးလွန်လာပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပိုမိုးဆိုးရွာလာတယ်လို့ NUG က ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required