စစ်ကောင်စီလေယာဉ်နဲ့ လေယာဉ်ဆီတင်သွင်းသူတွေတွေကို အမြန်ဆုံးပိတ်ဆို့ တားဆီးပေးဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတ တောင်းဆို

စစ်ကောင်စီလေယာဉ်နဲ့ လေယာဉ်ဆီတင်သွင်းသူတွေတွေကို အမြန်ဆုံးပိတ်ဆို့ တားဆီးပေးဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတ တောင်းဆို

နိုင်ငံတကာအနေနဲ့ ပြည်သူတွေကို လေကြောင်းနဲ့ နေရာစုံ ဗုံးကြဲသတ်ဖြတ်နေမှုတွေ တားဆီး နိုင်ဖို့ လေယာဉ်နဲ့ လေယာဉ်ဆီတင်သွင်းမှုတွေကို အမြန်ဆုံး ပိတ်ဆို့ တားဆီးပေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုလိုက်ပါတယ်။ 

မတ်လ(၁၄) ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၀) ကြိမ် မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ အခုလိုပြောခဲ့တာပါ။ 

“စစ်အုပ်စုရဲ့ အဓိက ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ဖို့နှင့် ပြည်သူလူထုကို ရက်စက်စွာ သတ်ဖြတ်နေသည့် လက်နက်ခဲယမ်းများ တင်သွင်းမှုကို ရပ်တန့်ပိတ်ဆို့ဖို့နှင့် လေကြောင်းဖြင့် နေရာစုံ ဗုံးကြဲသတ်ဖြတ်နေမှုများကို တားဆီးနိုင်ရန် လေယာဉ်နှင့် လေယာဉ်ဆီတင်သွင်းမှုများ ကို အမြန်ဆုံး ပိတ်ဆို့တားဆီးပေးနိုင်ဖို့ တောင်းဆိုလိုပါတယ်” လို့ NUG ယာယီသမ္မတ က ပြောခဲ့ ပါတယ်။ 

ဒါ့အပြင် နိုင်ငံတကာနှင့် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများ အနေဖြင့်လည်း အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်အုပ်စုရဲ့ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်နေမှုများကို ရပ်တန့်နိုင်ဖို့ ထိရောက်စွာ ကူညီပေးဖို့ ထပ်မံတောင်းဆိုလိုပါတယ်လို့ ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly