မြန်မာဟာ ကမ္ဘာမှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယ အများဆုံးနိုင်ငံဖြစ်နေ

15 March 2023
မြန်မာဟာ ကမ္ဘာမှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယ အများဆုံးနိုင်ငံဖြစ်နေ

မြန်မာစစ်ကောင်စီအနေနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ သေဆုံးခဲ့တဲ့အရေအတွက်ဟာ ကမ္ဘာမှာ အရပ်သားပြည်သူ သေဆုံးမှု ဒုတိယအသေအပျောက် အများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Dame Barbara Woodward က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေပြီး မြန်မာပြည်သူလူထုအနေနဲ့ ထိရောက်တဲ့ တိုးတက်ပြောင်းလဲလာမှုကို အမြန်ဆုံး လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ် ဘာဘရာ ဝုဒ်ဝါ့ဒ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး မတိုင်ခင်မှာ သတင်းမီဒီယာတွေကို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာပြည်သူလူထုကို ကူညီကာကွယ်ပေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အခုထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်သင့်ကြောင်းလည်း သူက တိုက်တွန်းခဲ့တာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly