နွေရာသီတွင်ဆန်းချက်ဇ်ကို ဆက်ထိန်းနိုင်အောင် အာဆင်နယ်ကြိုးပမ်းရဖွယ်ရှိ

နွေရာသီတွင်ဆန်းချက်ဇ်ကို ဆက်ထိန်းနိုင်အောင် အာဆင်နယ်ကြိုးပမ်းရဖွယ်ရှိ

မတ် ၂၀၊ လန်ဒန်။           ။ အာဆင်နယ်အသင်းသည် နွေရာသီတွင် အဓိက ကစားသမားဆန်းချက်ဇ်ကို အသင်းတွင်သာဆက်ထိန်းနိုင်အောင် ကြိုးစားရဖွယ်ရှိနေသည်။

စီးရီးအေချန်ပီယံနှင့် လက်ရှိရာသီအမှတ်ပေးဇယားကိုဦးဆောင်နေသည့် ဂျူဗင်တပ်အသင်းသည် အသက် ၂၇ နှစ်အရွယ် ချီလီလက်ရွေးစင် ကွင်းလယ်လူကို စီးရီးအေသို့ ပြန်လည်ခေါ်ယူချင်နေသည်။

သို့ဖြစ်ရာ ဂျူဗင်တပ်သည် အူဒီးနီးစ်တိုက်စစ်မှူးဟောင်းနှင့် အာဆင်နယ်အသင်းတို့ကြား စာချုပ်ကိစ္စဆွေးနွေးမှုကို စောင့်ကြည့်နေသည်။

လွန်ခဲ့သည့်နှစ်နှစ်တွင် ဘာစီလိုနာမှ ပေါင် ၃၅ သန်းဖြင့်ပြောင်းလာသည့် ဆန်းချက်ဇ်သည် အာဆင်နယ်အသင်းတွင်ခြေစွမ်းပြနေပြီး အသင်းကလည်း နောက်ထပ်လေးနှစ်သက်တမ်းတိုးချင်နေသည်။

သို့သော် ပြီးခဲ့သည့်တစ်ပတ်တွင် ဘိုင်ယန်မြူးနစ်ကိုရှုံးပြီးချန်ပီယံလိဂ်မှထွက်ခဲ့ရသည့် ဂျူဗင်တပ်အသင်း၏အဝယ်စာရင်းတွင် ဆန်းချက်ဇ်မှာ ထိပ်တန်းနေရာမှ ပါဝင်လျှက်ရှိသည်။ ထို့ပြင် အာဆင်နယ်အသင်း ဆန်းချက်ဇ်ကိုဘာစီလိုနာမှခေါ်ယူသည့်ပြောင်းရွှေ့ကြေးအတိုင်း ဂျူဗင်တပ်က ပေးချေဖွယ်ရှိနေသည်။

ဆန်းချက်ဇ်သည် ၎င်းရရှိသည့်ပွဲကစားချိန်အတိုင်းအတာနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်တစ်ပတ်တွင် နည်းပြအာစင်ဝင်းဂါးနှင့် မပြေမလည်ဖြစ်ခဲ့ သည်ဟုလည်း သတင်းထွက်နေသည်။

စပိန်အသင်းတစ်သင်းဖြစ်သည့် အက်သလက်တီကိုကလည်း ဆန်းချက်ဇ်ကိုစိတ်ဝင်စားနေပြီး နည်းပြအာစင်ဝင်းဂါးကမူ ယင်းကစားသမားကို ကာလရှည်သက်တမ်းတိုးကာ ဆက်ထိန်းနိုင်မည်ဟု မျှော်လင့်နေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly