ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ပွဲတည်း စံချိန်တင် ၅ ဂိုးအထိ ဟာလန်း သွင်းယူ

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ပွဲတည်း စံချိန်တင် ၅ ဂိုးအထိ ဟာလန်း သွင်းယူ
Photo: EPA

အာလင်း ဟာလန်းဟာ အင်္ဂါနေ့က မန်ချက်စတာစီးတီးအသင်း လိုက်ပ်ဇစ်ကို ၇-၀ ဂိုးပြတ်နဲ့ နိုင်တဲ့ ချန်ပီယံလိဂ်ပွဲစဉ် တစ်ပွဲတည်းမှာ သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အက်ဒရီယာနို၊ မက်ဆီတို့ရဲ့ စံချိန်နဲ့ တူညီခဲ့ပြီဖြစ်ပါတယ်။

နော်ဝေကစားသမားဟာ အင်္ဂလိပ်ချန်ပီယံများကို ကွာတားဖိုင်နယ်တက်ဖို့အတွက် ဒုတိယပိုင်းမတိုင်မခင် သူ့ရဲ့ ၅ ကြိမ်မြောက် စီးတီး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း အစောပိုင်းမှာ နောက်ထပ် ၂ ဂိုးသွင်းယူပြီး စီးတီးမှာ သူ့ရဲ့ ပထမရာသီမှာ ၃၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ကလပ်စံချိန်သစ်တစ်ခု တိုးခဲ့ပါတယ်။

ဟာလန်းဟာ ၂၀၁၄ က အက်ဒရီယာနို၊ ၂၀၁၂ က မက်ဆီတို့ရဲ့နောက် ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲမှာ တစ်ဦးတည်း သွင်းဂိုး ၅ ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဟာလန်းဟာ ၆၃ မိနစ်မှာ ဂျူလီယန် အယ်လ်ဗာရက်ဇ်နဲ့ လူစားလဲခဲ့ပြီး စံချိန်သစ်တင်ဖို့အခွင့်အရေးကို လက်လွတ်ခဲ့ရပါတယ်။

သူဟာ အသက် ၂၂ နှစ်သာရှိသေးပြီး ချန်ပီယံလိဂ် ၂၅ ပွဲမှာ ၃၃ ဂိုးသွင်းထားကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် တခြားကစားသမားတွေထက် ပွဲပိုနည်းပြီး ဂိုး ၃၀ မှတ်တိုင်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly