မြန်မာနိုင်ငံသား ခရစ်ယာန်သာသနာပြုဇနီးမောင်နှံ မဏိပူပြည်နယ်တွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရ

By ပါခွီး (မဇ္စျိမ)
14 March 2023
မြန်မာနိုင်ငံသား ခရစ်ယာန်သာသနာပြုဇနီးမောင်နှံ မဏိပူပြည်နယ်တွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ အင်ဖားမြို့နယ်တွင် မြန်မာနိုင်ငံသား ခရစ်ယာန်သာသနာပြုဇနီး မောင်နံကို တရားမဝင်နေထိုင်မှုဖြင့် ပြည်နယ်ရဲများကဖမ်းဆီးခဲ့ကြောင်း The India Express သတင်း စာက မတ်လ ၁၃ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော Limdai Merr နှင့် Veikhohat Hatnu တိုသည့်  ၂၀၂၃ ခု ဇန်နဝါရီလတွင် နာဂလဲန်းပြည်နယ် Kiphire ခရိုင် Avakhong ကျေးရွာသို့ တရားမဝင် နေထိုင်ခွင့်အထောက်အထားပြု လုပ်ကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့နောက် အင်ဖာမြို့ အနောက်ဖက် Pyayeang ရွာရှိ  ဒေသခံ ခရစ်ယာန်ဓမ္မဆရာ Angom Chinglen ဆိုသူ၏နေအိမ်တွင်မတ်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Limdai Merr သည် နာဂလဲန်းတွင် ၂၀၀၈ ခုနှစ်ကနေထိုင်ခဲ့ဖူးပြီး ဒီမားပူးရ်မြို့ရှိ Amazing Grace ဓမ္မ ကောလိပ်တွင် နှစ်နှစ်ကြာပညာသင်ကြားခဲ့သလို နာဂလဲန်း ဓမ္မပညာကောလိပ်တွင်သုံးနှစ် ပညာဆက် လက်ဆည်းပူးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် ၂၀၁၇ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရန်ကုန်မြို့တွင် သာသနာပြုလုပ်ငန်းလုပ်ကိုင်ခဲ့ကြောင်း ဆိုသည်။

မဏိပူပြည်နယ် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး Dr Sapam Ranjan က တရားမဝင် ဝင်ရောက်နေထိုင်မှုကို အားပေးကူညီသူများနှင့် အထောက်အထားအတုပြုလုပ်သူများကို ပြင်းပြင်းထန် ထန်အရေးယူသွားဖြစ်ကြောင်း The India Express သတင်းစာအား ပြောကြားထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် မဏိပူရပြည်နယ် မိုးရေးမြို့အနီးကျေးရွာ၌ မြန်မာနိုင်ငံ သား စစ်ဘေးရှောင် ၈၄ ဦးကို အာဏာပိုင်များက တရားမဝင် ဝင်ရောက်မှုဖြင့်ဖမ်းဆီးခဲ့ပြီး အင်ဖာမြို့ ထောင်တွင် ထိမ်းသိမ်းထားသည်။

အင်ဖာထောင်တွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၄၀၀ ခန့်အနက် ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက ကိုဒဲခိုလွန်း (၃၂) နှစ်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required