တရုတ်က TikTok ဖြင့် သန်းပေါင်းများစွာသောအမေရိကန်၏ ဖုန်းများကို ထိန်းချုပ်နိုင်ကြောင်း FBI ဒါရိုက်တာပြော 

By Daily Wire
14 March 2023
တရုတ်က TikTok ဖြင့် သန်းပေါင်းများစွာသောအမေရိကန်၏ ဖုန်းများကို ထိန်းချုပ်နိုင်ကြောင်း FBI ဒါရိုက်တာပြော 

တရုတ်ကွန်မြူနစ်ပါတီသည် လူကြိုက်များလှသော TikTok အပလီ‌ကေးရှင်းမှတစ်ဆင့် သန်းပေါင်းများစွာသော အမေရိကန်၏ ဖုန်းများကို ထိန်းချုပ်နိုင်စွမ်းရှိကြောင်း FBI ဒါရိုက်တာ ခရစ္စတိုဖာရေးက မတ်လ ၈ ရက်တွင် ပြောကြားသည်။

"တရုတ်အစိုးရက သတင်းအချက်အလက်နဲ့ ဒေတာတွေကို ခိုးဝှက်နေတယ်။ AI နဲ့ တခြားနည်းပညာတွေ နောက်ဆုံး စူပါကွန်ပျူတာလိုဟာမျိုးတွေ အသုံးပြုပြီး ထောက်လှမ်းဖို့ သူလျှိုလုပ်ဖို့ နဲ့ IP ကို ခိုးယူဖို့ ပစ်မှတ်ထားပြီး အချက်အလက်အားလုံးကို ချုပ်ကိုင်ထားဖို့ လုပ်ဆောင်နေပါတယ်။ တရုတ်အစိုးရနဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ဖို့ ကျွန်တော်တို့အဖွဲ့အနေနဲ့ တောင်းဆိုပါတယ်” ဟု  ရေးက အထက်လွှတ်တော်ထောက်လှမ်းရေးကော်မတီသို့ ပြောကြားသည်။ 

တရုတ်ဟက်ကာအဖွဲ့သည် ချေးငွေသတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းအေဂျင်စီ Equifax  ၏ ဆာဗာသို့ ထိုးဖောက်ဝင်ရောက်ကာ အမေရိကန်ပြည်ထောင်စုရှိ လူဦးရေထက်ဝက်နီးပါး၏ ကိုယ်ရေးကိုယ်တာအချက်အလက် (PII) များကို တရားမဝင် ရယူနိုင်ခဲ့ကြောင်း  ရေးက မှတ်ချက်ပြုခဲ့သည်။

“ဒါဟာ စက်ပစ္စည်း သန်းပေါင်းများစွာဆီ ဝင်ရောက်နိုင်တဲ့ ဆော့ဖ်ဝဲလ်ထိန်းချုပ်မှုဖြစ်ပြီး တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုအတွင်းမှာ ရှိနေတဲ့ နောက်ဆုံး လက်နက် ဖြစ်ပါတယ်။  နိုင်ငံတော် လုံခြုံရေးအတွက် အလေးထားဖို့လိုတယ်ဆိုတာ ကျွန်တော် သိလိုက်ရတာပါဘဲ” ဟု ရေးက ဆိုသည်။

တရုတ်သည် အမေရိကန်အတွင်း၌ ၎င်း၏လုပ်ဇာတ်များကို ထိန်းချုပ်ရန်  TikTok အပလီကေးရှင်းကို အသုံးပြုနိုင်ကြောင်းနှင့် ထိန်းချုပ်နေပါကလည်း ရလဒ်များကို အမေရိကန်အရာရှိများ သတိထားမိလားဆိုသည်မှာ မသေချာကြောင်း ရေးက သတိပေးခဲ့သည်။

“အမေရိကန်တွေအနေနဲ့ နိုင်ငံကို ခြိမ်းခြောက်နေတဲ့ အရာနဲ့  ပုဂ္ဂလိကကဏ္ဍနဲ့အစိုးရကဏ္ဍအကြား ကွာခြားချက်တွေကို နားလည်ဖို့လိုပါတယ်” ဟု ရေးက ပြောကြားခဲ့သည်။

အမေရိကန်ရှိ TikTok အသုံးပြုသူများက TikTok အပေါ် ရှုမြင်ပုံနှင့် တရုတ်နိုင်ငံမှလူများ TikTok အပေါ် ရှုမြင်ပုံမှာ မတူကြောင်း ဖလော်ရီဒါ ပြည်နယ်လွှတ်တော်အမတ် ရူဘီရို  ပြောသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly