Match of the Day အစီအစဉ်မှာ ပြည်လည်ဆောင်ရွက်ဖို့ BBC က ဂယ်ရီ လိုင်နီကာနဲ့ သဘောတူညီမှုရရှိ

Match of the Day အစီအစဉ်မှာ ပြည်လည်ဆောင်ရွက်ဖို့ BBC က ဂယ်ရီ လိုင်နီကာနဲ့ သဘောတူညီမှုရရှိ
Photo: EPA

ဂယ်ရီ လိုင်နီကာဟာ ဗြိတိန်အစိုးရရဲ့ ခိုလှုံခွင့်ဆိုင်ရာ မူဝါဒသစ်အပေါ် သူ့ရဲ့ ဝေဖန်မှုပြောဆိုမှုတွေကြာင့် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကို အဆုံးသတ်ပြီးဆုံးသွားပြီဖြစ်ကြောင်း သူဟာ BBC ဘောလုံးပွဲရဲ့ Match of the Day အစီအစဉ်တင်ဆက်သူအဖြစ် ပြန်လည်ဆောင်ရွက်မှာဖြစ်တယ်လို့ BBC ရုပ်သံလွှင့်ဌာနက တနင်္လာနေ့က ပြောပါတယ်။

အင်္ဂလန်ဘောလုံးသမားဟောင်းဟာ နာဇီခေတ်ဂျာမနီရဲ့ စကားအပြောအဆိုကို ပေါ်လစီအသစ် စတင်အသုံးပြုတဲ့ ဘာသာစကားနဲ့ နှိုင်းယှဉ်ဖို့အတွက် ပြီးခဲ့တဲ့အပတ်က Twitter ကို အသုံးပြုပြီးနောက် သောကြာနေ့က ဆိုင်းငံ့ခံခဲ့ရတာပါ။

လိုင်နီကာကို ထောက်ခံတဲ့ လုပ်ဖော်ကိုင်ဖက် တင်ဆက်သူတွေ၊ ပွဲခန့်မှန်းသူတွေနဲ့ သုံးသပ်မှတ်ချက်ပေးသူတွေက ရက်သတ္တပတ်အကုန်မှာ အလုပ်လုပ်ဖို့ ငြင်းဆန်ပြီးနောက် သူ့ရဲ့မှတ်ချက်တွေနဲ့ ဖယ်ရှားမှုဟာ BBC ရုပ်သံအပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဒါ့ကြောင့် BBC ရုပ်သံရဲ့ အားကစားသတင်းဖော်ပြမှုကို ဝရုန်းသုန်းကားဖြစ်စေခဲ့ပြီး သူတို့ရဲ့ လူကြိုက်များတဲ့ အထူးအသားပေးအစီအစဉ်ကို commentary ဒါမဟုတ် ခွဲခြမ်းစိတ်ဖြာတဲ့ အစီအစဉ် မပါရှိဘဲ မိနစ် ၂၀ လျှော့ချထုတ်လွှင့်ခဲ့ရပါတယ်။

ဒါပေမယ့် BBC က သူတို့ရဲ့ ဆိုရှယ်မီဒီယာလမ်းညွှန်ချက်တွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် အခုလိုအရေးယူခဲ့တာဖြစ်ပြီး ဒါကို လွတ်လပ်တဲ့ ပြန်လည်သုံးသပ်ချက်တစ်ရပ်ကို စတင်လုပ်ဆောင်ချိန်မှာ လိုင်နီကာဟာ ဖန်သားပြင်တွေထက် ပြန်လည်ရောက်ရှိဖို့ သူတို့ဟာ နှစ်ဖက်သဘောတူထားတယ်လို့ တနင်္လာနေ့က ပြောပါတယ်။

“ဂယ်ရီက BBC ရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး BBC က ဂယ်ရီအတွက် ဘယ်လောက် အဓိပ္ပာယ်ရှိတယ်ဆိုတာ သိပါတယ်၊ လာမယ့် သီတင်းပတ်ကုန်မှာ ကျနော်တို့ရဲ့ သတင်းတင်ဆက်မှုကို တင်ဆက်ပေးဖို့ မျှော်လင့်နေပါတယ်”လို့ BBC ရဲ့ အထွေထွေဒါရိုက်တာ တင်မ်ဒေးဗီးက ပြောပါတယ်။

အသက် ၆၂ နှစ်ရှိ လိုင်နီကာက "ကျနော်တို့တွေ ရှေ့ဆက်လမ်းကို တွေ့လိုက်ရလို့ ကျနော် ဝမ်းသာပါတယ်။ ဒီသုံးသပ်မှုကို ကျနော်ထောက်ခံပြီး ပြန်လည်ထုတ်လွှင့်ဖို့ မျှော်လင့်နေပါတယ်"လို့ ပူးတွဲထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

ဒေးဗီးက သူဟာ ဘီဘီစီရဲ့ ဆိုရှယ်မီဒီယာလမ်းညွှန်မှုရဲ့ မီးခိုးရောင် ဧရိယာတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရှုပ်ထွေးမှုတွေကို အသိအမှတ်ပြုခဲ့တယ်လို့ ပြောရင်း ဝန်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေမှုအတွက် တောင်းပန်ခဲ့ပါတယ်။

သုံးသပ်မှုဟာ လိုင်နီကာလို ဝန်ထမ်းတွေနဲ့ အလွတ်သတင်းထောက်တွေအတွက် လမ်းညွှန်ချက်ကို ဘယ်လိုပုံ သက်ရောက်မှုရှိမည်ကို ကြည့်ရှုမှာဖြစ်တယ်လို့ သူက ဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။

ဂယ်ရီ လိုင်နီကာဟာ Match of the Day အစီအစဉ်မှာ ၁၉၉၉ ကတည်းက ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly